Friday, November 27, 2015

သင့်ချစ်သူမွေးနေ့ တွက်အမှတ်တရလက်ဆောင်လေးဖန်တီးပေးနိုင်တဲ့ Happy Birthday Apk Creator မိုဘိုင်း App

သင့်ချစ်သူမွေးနေ့ မှာ ထူးထူးခြားမွေးနေ့ လက်ဆောင်လေးကို သင့်ကိုယ်တိုင်ဖန်တီးမပေးချင်ကြဘူးလား။
ရေးထားတဲ့စာကိုပြီးအောင်ဖတ်ပြီး ရှင်းပြထားတဲ့ ပုံလေးတွေကိုကြည့်ပေးရင်တော့ အသုံးပြုရတာအရမ်းလွယ်ကူသွားပါလိမ့်မယ်။
ဟုတ်ပီ အဲ့လိုထူးထူးခြားခြားမွေးနေ့ လက်ဆောင်လေးကို သင်ကိုယ်တိုင်းဖန်တီးပေးချင်ပါတယ် ဆိုရင်တော့ Happy Birthday Apk Creator ဆော့ဝဲလ်လေးနဲ့ အလွယ်တကူဖန်တီးပေးရမှာဘဲဖြစ်ပါတယ်။
အသုံးပြုရတာအရမ်းလွယ်ကူပါတယ်။
ဒီဆော့ဝဲလ်လေးနဲ့ ဘာတွေဖန်တီးပေးနိုင်လဲဆိုတော့...
ဓာတ်ပုံ ၁ ပုံ မှ ၉ ပုံထိ စိတ်ကြိုက်ထည့်နိုင်ပါတယ်။
သင့်ချစ်သူရဲ့ ဓာတ်ပုံဘဲဖြစ်ဖြစ် သင်နဲ့ စုံတွဲရိုတ်ထားတဲ့ ဓာတ်ပုံဘဲဖြစ်ဖြစ် အမှတ်တရပုံလေးတွေထည့်ပေါ့။
ပြီးရင် Mp3 သီချင်းတစ်ပုဒ်ထည့်သွင်းနိုင်ပါတယ်။
သင့်ချစ်သူအကြိုက်ဆုံးသီချင်းလေးကိုလည်းထည့်သွင်းနိုင်ပါတယ်။
ပြီးတော့ သင်ရေးချင်တဲ့ အမှတ်တရစာသားလေးတွေရေးနိုင်ပါတယ်။ ဥပမာ "မင်းအတွက်အမှတ်တရ မွေးနေ့ လက်ဆောင်" သင့်စိတ်ကြိုက်ရေးနိုင်ပါတယ်။
ပြီးရင်တော့ သင်ဖန်တီးလိုက်တဲ့ ဆော့ဝဲလ်လေးကို Download ရယူနိုင်ပါတယ်။
အဲ့ဆော့ဝဲလေးကို သင့်ချစ်သူထံ မွေးနေ့ လက်ဆောင်လေးအဖြစ်ပေးလိုက်ပေါ့။
ဒီနေရာမှာတစ်ခု သိထားရမှာပါ သင့်ချစ်သူက အဲ့ဒီလက်ဆောင်ဆော့ဝဲလေးကိုဖွင့်လိုက်ရင် ID နံပါတ်သုံးလုံးနဲ့  Password ကိုထည့်ပြီးဝင်ရမှာပါ။ ဒါကတော့ သင့်ဆော့ဝဲလုပ်ခဲ့တဲ့ အကောင့်မှာ ID နံပါတ်ကရှိပါတယ် Password ကတော့ သင် Apk လုပ်ပြီးဒေါင်းလုပ် လုပ်တဲ့နေရာမှာ Password ကိုထည့်ခိုင်းပါတယ်။
အဲ့ ID နံပါတ်နဲ့  Password ကို သင့်ချစ်သူကိုပေးပြီး ဖွင့်ခိုင်းလိုက်ပါ။
ဒါကလည်း ဒီလက်ဆောင်လေးကို သင့်ချစ်သူကလွှဲပြီး ဘယ်သူမှဖွင့်လို့ မရအောင်လုပ်ပေးတဲ့သဘောပါ။
သင့်ချစ်သူဖွင့်လိုက်တာ နဲ့ ဒီဇိုင်းလန်းတဲ့စတိုင်းနဲ့  သင်ရေးခဲ့တဲ့ "မင်းအတွက်အမှတ်တရ မွေးနေ့ လက်ဆောင်" ဆိုတာကပေါ်လာပါမယ် ။ နောက်တစ်ခုမှာကျတော့ သင်ထည့်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ သီချင်းက တွဲလျှက်ပွင့်လာပါလိမ့်မည့် ဒီဇိုင်းလန်းလန်းလေးနဲ့ လှုပ်ရှာနေမှာဖြစ်ပါတယ်။
အရမ်းအသုံးဝင်ပါတယ်။ သင့်ချစ်သူက သင့်ကိုအထင်ကြီးသွားစေမှာပါ။
စမ်းသုံးကြည့်ပါ။
အသုံးပြုနည်းကိုလည်း လွယ်ကူအောင် လွယ်ကူတဲ့ အဆင့် (၁၀) ဆင့် ဖြင့် ScreenShot တွေနဲ့ ရှင်းပြထားပါတယ်။

လိုအပ်တဲ့ဆော့ဝဲလေးကိုအောက်ကလင်ခ့်မှာအခမဲ့ဒေါင်းယူနိုင်ပါတယ်။
Google Play Store ကနေလဲဒေါင်းလို့ ရနေပါပြီ။
ဒီဆော့ဝဲလေးကိုတော့ မြန်မာလူငယ်ဆော့ဝဲတီထွင်သူများ AndroiTech အဖွဲ့ မှရေးသားထားခြင်းဖြစ်ပါတယ်။

 ​Download playstore link 

.......or.........

 Download mediafire link 


Credit.. ​ဆော့ဒ်​ဝဲလ်​လမ်းညွုန်​(အာကာ)
လေးစားစွာဖြင့်
စစ်​​တောင်းသား​လေး


No comments: