Thursday, July 28, 2016
Messenger မှာ ဘက်​စကတ်​​ဘော​ဆော့မယ်
***Messenger အက်ပလီကေးရှင်းထဲမှာ ၀ှက်ထားတဲ့ ဘတ်စကတ်ဘောဂိမ်းကို ဘယ်လိုကစားကြမလဲ***
အသစ်ထွက်လာတဲ့ Facebook ရဲ့ Messenger အက်ပလီကေးရှင်း update မှာ ဘတ်စကတ်ဘော ဂိမ်းတစ်ခု လှို့ဝှက်စွာ ပါဝင်လာတယ်ဆိုတာကို စာဖတ်သူတို့ သိကြရဲ့လား။
ဒီဂိမ်းဟာ အရင် စမတ်ဖုန်းတွေပေါ်စတုန်းက လူငယ်တွေကြားမှာ ခေတ်စားခဲ့တဲ့၊ Paper Toss ဂိမ်းလိုမျိုးပဲ ဖြစ်ပြီး၊ ဘတ်စကတ်ဘော ဘောလုံးတစ်လုံးကို ပိုက်ထဲဝင်အောင် ပစ်ထည့်ကစားရမှာဖြစ်ပါတယ်။
ဘောလုံး တစ်လုံးဝင်ရင် အမှတ်တစ်မှတ် ရမှာဖြစ်ကာ၊ တစ်လုံးချော်သွားတာနဲ့ တစ်မှတ် ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ဆယ်မှတ် ကျော်သွားတာနဲ့ ပိုက်က ဘယ်ညာလှုပ်ရှားနေမှာဖြစ်ပြီး၊ ဘောလုံးကို ခက်ခက်ခဲခဲ ၀င်အောင် ပစ်ထည့်ပေးရမှာဖြစ်ပါတယ်။
Facebook ဟာ ဒီဂိမ်းကို Messenger အတွင်းမှာ ၀ှက်ထည့်ထားတာဖြစ်တာကြောင့်၊ ဒီတိုင်း လိုက်ရှာနေလို့ ကတော့ တွေ့မှာမဟုတ်ပါဘူး။
ဒါပေမယ့် မပူပါနဲ့။ အောက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်လိုက်ရင် Messenger သုံးနေရင်းနဲ့ အပျင်းပြေ ဘတ်စကတ်ဘောဂိမ်းလေး ကစားနိုင်မှာဖြစ်ပါတယ်။
(၁) ပထမဦးဆုံး Messenger အက်ပလီကေးရှင်းကို update မလုပ်ရသေးဘူးဆိုရင် update လုပ်လိုက်ပါ။ (သူငယ်ချင်းတစ်ယောက်ယောက် update ဆွဲပြီးသားရှိရင်လည်း Zapya နဲ့ဖြစ်ဖြစ် တောင်းလိုက်ပေါ့
(၂) သူငယ်ချင်းတစ်ယောက်ယောက်ကို ဘတ်စကတ်ဘောပုံ emoji လေး ပို့လိုက်ပါ။ ( emoji ပုံပါ။ sticker တွေထဲမှာ လိုက်မရှာပါနဲ့။ စာရိုက်တဲ့ box ဘေးနားက emoji ပုံလေးတွေထဲက၊ ခေါင်းလောင်းပုံ အောက်မှာ ဘတ်စကတ်ဘောပုံ ရှိပါတယ်။)
(၃) ပို့ပြီးသွားရင်၊ အဲဒီ ဘတ်စကတ်ဘောပုံလေးကို နှိပ်လိုက်ပါ။
(၄) ဒါဆိုရင် ဂိမ်းစခရင်ပေါ်လာမှာဖြစ်ပြီး၊ ဘတ်စကတ်ဘောလုံးကို လက်နဲ့ပစ်ကာ၊ ခြင်းထဲ ၀င်အောင် ထည့်ရာမှာဖြစ်ပါတယ်။ ခြင်းထဲဝင်သွားရင်၊ အမှတ် တက်လာတာကို မြင်ရမှာပါ။
ကိုယ်အများဆုံးရတဲ့အမှတ်ကို မက်ဆေ့ဘောက်ထဲမှာ ဖော်ပြထားမှာဖြစ်လို့၊ ကိုယ့်သူငယ်ချင်းတွေလည်း မြင်တွေ့နိုင်ပြီး၊ ဘယ်သူ အမှတ်များများပိုရလဲဆိုတာ ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။ PC နဲ့ web browser ကနေ Messenger ကို သုံးတဲ့လူတွေတော့ ဆော့ကစားနိုင်မှာမဟုတ်ဘဲ၊ မိုဘိုင်း အက်ပလီကေးရှင်း Messenger ကနေသာ ကစားနိုင်မှာဖြစ်ပါတယ်။
Messenger ထဲမှာ အခုလို hidden game တစ်ခု ပါလာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Facebook ဟာ အရင်တုန်းကလည်း Chess ဂိမ်းတစ်ခုကို Messenger ထဲ ဘယ်သူမှမသိအောင် ထည့်ထားဖူးပါတယ်။
Credit..
စစ်​​တောင်းသား​လေး
Mobile phone ကိုထိန်းသိမ်းနည်း
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Credit..မူရင်း
စစ်​​တောင်းသား​လေး..
Wednesday, July 27, 2016
Prisma Update အသစ်တွင် Gallery ထဲကို Save လို့ရမယ့် ခလုတ်လေးပါလာပါပြီ
Prisma အသုံးပြုသူ Android User များတောင်းဆိုမူများကြောင့် အသစ်ထပ်ထွက်လာတဲ့ Update Version တွင် Gallery ထဲကို Save လို့ရမယ့် ခလုတ်လေးပါလာခဲ့ပါပြီ။ Android တွက်သုံးလို့မရသေးတဲ့ အချို့ ဖုန်းတွေတွက် Update Version ကိုသာ စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Update ဗားရှင်းကို  အောက်မှာဒေါင်းယူနိုင်ပါပြီ
 Download link 
ဆော့ဒ်​ဝဲလ်​လမ်းညွုန်​ မှကူးယူသည်
စစ်​​တောင်းသား​လေး
Thursday, June 30, 2016
မြိုင်​ရာဇာတွတ်​ပီရုပ်​ပြစာအုပ်​အသစ်​(၇)အုပ်
စာအုပ်​စာ​ပေချစ်​ သူငယ်​ချင်းများအတွက်​ မြိုင်​ရာဇာ တွတ်​ပီ စာအုပ်​အသစ်​ (၇)အုပ်​ပါ
အောက်​မှာ​ဒေါင်းယူလိုက်​ပါ ခင်​​ဗျာ..
Linkတခုထဲကိုပဲဝင်​ပြီး တခုစီ​ဒေါင်းယူလိုက်​ပါ
 Download link book(7) 
>>စစ်​​တောင်းသား​လေး<<
Wednesday, June 29, 2016
မြိုင်​ရာဇာ တွတ်​ပီ ရုပ်​ပြစာအုပ်​အသစ်​(၇)အုပ်
စာအုပ်​စာ​ပေချစ်​ သူငယ်​ချင်းများအတွက်
မြိုင်​ရာဇာ တွတ်​ပီ ရုပ်​ပြစာအုပ်​ အသစ်​(၇)အုပ်​အား ပြန်​လည်​မျှ​ဝေလိုက်​ပါတယ်
Downloadကို​တော့ ထုံးစံအတိုင်းအချိန်​မရလို့ zipချုံပြီး​ပေးထားပါတယ်
လိုအပ်​တဲ့​ဆော့ဒ်​ဝဲလ်​​တွေကိုလည်းထည့်​သွင်း​ပေးထားပါတယ်
အောက်​မှာ​ဒေါင်းယူလိုက်​ပါခင်​​ဗျာ...
တွတ်​ပီစာအုပ်​zip link>>>
 Download link 
Zip(rar)ဖြည်​ရန်​ link>>>
 Download link( rar) 
Zip(rar)ဖြည်​နည်း စာအုပ်​>>>
 Download link  
စစ်​​တောင်းသား​လေး
Tuesday, June 28, 2016
မြိုင်​ရာဇာ တွတ်​ပီ..ရုပ်ပြ​စာအုပ်​အသစ်​(၆)အုပ်
စာအုပ်​စာ​ပေချစ်​ friများအတွက်
တွတ်​ပီ စာအုပ်​(6)အုပ်​အားပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါသည်
Download linkကိုကျ​နော်​အချိန်​မရပါ၍
အားလုံးကိုzip ချုံ့ပြီးတင်​​ပေးလိုက်​ပါတယ်
Downloadရယူပြီးရင်​ သင်​တို့ဖုန်းမှာ​ဗလာဖြစ်​ပြီးသုံး၍ ရမှာမဟုတ်​ပါ အဲဒီအတွက်​ကို rarဖြည်​ရန်​အတွက်​ ​ဆော့ဒ်​ဝဲလ်​ နှင့်​ အသုံးပြုလုပ်​နည်းကို တခါတည်းထည့်​​ပေးထားပါသည်
အားလုံးကို ​အောက်​မှာ​ဒေါင်းယူလိုက်​ပါ ခင်​​ဗျာ
တွတ်​ပီစာအုပ်​ယူရန်​..  Download link 
Zipဖြည်​နည်း..........  Download link 
Rarဖြည်​ရန်​​ဆော့ဝဲလ်​.  Download link 
စစ်​​တောင်းသား​လေး
Monday, June 27, 2016
ကို​ရွှေထူး(ပြည်​) ..တရပ်​ကွက်​လုံးပြုံးချင်​ ပြုံးပါ​စေကွယ်
စာအုပ်​စာ​ပေချစ်​ friများအတွက်
ကို​ရွှေထူး(ပြည်​) ရဲ့ တရပ်​ကွက်​လုံးပြုံးချင်​ပြုံးပါ​စေ ရုပ်​ပြ စာအုပ်
 Download link 
စစ်​​တောင်းသား​လေး
Thursday, June 23, 2016
UC browser သုံးပြီး videoများကိုADM ဖြင့်​Download ပြုလုပ်​နည်း
မဂ်​လာပါ
အခုတင်​ဆတ်​​ပေးတဲ့ နည်းလမ်း​လေးက ကာရာအို​ကေ ဆိုရန်​အတွက်​ တီးလုံးသက်​သက်​ သီချင်းများကို ​websiteတခုမှ downloadလုပ်​ယူနည်း​လေးဖြစ်​ပါတယ်
ကျ​နော်​သိတဲ့နည်းလမ်း​လေးအတိုင်းလုပ်​ယူဖို့က Uc browser နဲ့ADM downloader ​အဲဒီ​ဆော့ဒ်​ဝဲလ်​နှစ်​ခုရှိဖို့လိုအပ်​ပါတယ်
မရှိ​သေးတဲ့သူ​တွေအတွက်​ ​အောက်​​မှာ ​ဒေါင်းးယူလိုက်​ပါ
ဒီ​နေရာမှာ UC browser အ​ကြောင်းအနည်းငယ်​ ​ပြောပြချင်​ပါတယ်
ဒီ​ဆော့ဒ်​ဝဲလ်​ဟာဆိုရင်
တချို့​သောဖုန်းများ website​တွေမှာမြန်​မာစာမမှန်​ဖြစ်​​နေတာကိုလည်း ​ဖြေရှင်း​ပေးနိုင်​ခြင်း
Fbမှ​ဗီဒီယိုများကိုလည်း ​တိုက်​ရိုက်​ပြုလုပ်​နိုင်​ခြင်း
အင်​တာနတ်​လိုင်းအနည်းငယ်​ရှိယုံနဲ့ လိုင်းကိုဆွဲအား​ကောင်း​စေခြင်း
အစစအဆင်​​ပြေ​နေတာမို့ ကျ​နော့်​ရဲ့ လက်​စွဲ ​ဆော့ဒ်​ဝဲလ်​တခုပါ
 Uc browser ကိုဒီမှာယူပါ 
 ADM downloaderကိုဒီမှာယူပါ 
ပေးထားတဲ့နှစ်​ခုစလုံးကို​ဒေါင်းပြီး install လုပ်​ပြီးရင်​ သီချင်း​ဒေါင်းမယ့်​wibsiteကို   ဒီကသွားလိုက်​ပါ 
လုပ်​နည်းကို​တော့ ပုံ​တွေပြဖို့အချိန်​မ​ပေးနိုင်​လို့ စာအုပ်​​လေးအဖြစ်​ ကျ​နော်​ပြုလုပ်​​ပေးထားပါတယ်
Download လုပ်​နည်းစာအုပ်​ကို  ဒီမှာ ယူပါ 
အခြား​သော video များကို လည်းဒီနည်းလမ်းအတိုင်းယူနိုင်​ပါတယ်
စစ်​​တောင်းသား​လေး..
Monday, June 20, 2016
ဖုန်းနဲ့  ဖိုင် Size ကြီးတဲ့ ဗီဒီယိုတွေကို ဖိုင် Size သေးသေးလေးဖြစ်အောင်ပြုလုပ်နည်း
1GB လောက်ရှိတဲ့ Video File တွေကိုတောင် 300MB လောက်ထိ ဖိုင် Size သေးသေးလေးဖြစ်အောင်လုပ်နိုင်ပါတယ်။
အသုံးပြုနည်းကိုပုံထဲမှာ ကြည့်ပြီး ဆော့ဖ်ဝဲကိုအောက်မှာဒေါင်းယူပါ။
 Download Link 
ဆောဒ့်​ဝဲလ်​လမ်းညွုန်​မှကူးယူသည်
စစ်​​တောင်းသား​လေး
Friday, June 3, 2016
မြန်​မာ​ရေဒီယို လိုင်းစုံ apk
မဂ်​လာပါ ခင်​​ဗျာ
အခုတင်​ဆတ်​​ပေးထားတဲ့​ဆော့ဒ်​ဝဲလ်​​လေးက​တော့ မြန်​မာ​ရေဒီယို လိုင်းများနဲ့ ဓမ္မတရား ​ရေဒီယို လိုင်း​တော်​​တော်​များများကို ​ဆော့ဒ်​ဝဲလ်​ တခုတည်းနဲ့ နားဆင်​ရမှာဖြစ်​သလို ကြိုက်​နှစိသက်​ရာ သံစဉ်​သီချင်းများကိုလည်း ​ဆော့ဒ်​ဝဲလ်​ထဲမှာပင်​အသံသွင်းထားနိုင်​ပီး ပြန်​လည်​နားဆင်​နိုင်​ပါသည်​.....
ရေဒီယို နားဆင်​တဲ့အခါ အင်​တာနတ်​​ကော်​နရှင်​ရှိဖို့​တော့လိုပါတယ်​....
ရေဒိယိုနား​ထောင်​ ကြိုက်​နှစ်​သက်​သူများအတွအဆင်​​ပြေ​စေမယ့်​ ​ဆော့ဒ်​ဝဲလ်​​ကောင်း​လေးတခုပဲဖြစ်​ပါတယ်​ ....
အသုံးပြုလိုပါက ​အောက်​က​ပေးထားတဲ့ download linkမှာ ​ဒေါင်းယူ instalk လုပ်​အသုံးပြုနိုင်​ပါတယ်​ခင်​​ဗျာ...
 Download Link 
မူရင်းတီထွင်​သူအား ​ကျေးဇူးတင်​ပါသည်
စစ်​​တောင်းသား​လေး..
Tuesday, May 31, 2016
ထိုင်းမြန်​မာ စကား​ပြောစာအုပ်
ထိုင်းမြန်​မာစကား​ပြောစာအုပ်​​လေးပါ english လိုပါပြန်​​ပေးထားတဲ့စာအုပ်​​လေးပါ၊ လိုအပ်​ရင်​လင့်​က​နေယူသွားပါ​နော်​!!!
 Download Link 
Credit to မူရင်း
စစ်​​တောင်းသား​လေး
✔ ဆုတောင်း(Wish) v1.4 for Android✔
☺ မင်္ဂလာပါဗျား ☺
“ဆုတောင်း” ဆိုတဲ့ Android app လေးတစ်ခုထွက်ရှိလာပါတယ်။ ဒါက ဘာ application လေးလဲလို့ သင်တို့စူးစမ်းမိပါလိမ့်မယ်။
ကျွန်တော်တို့ရင်ထဲမှာမွန်းကျပ်နေတာတွေရှိသလား။
-ဘယ်သူ့ကိုမှပြောလို့မရတဲ့အရာတွေရှိသလား။
-စိတ်ထဲမှာဖြစ်ချင်နေတာ၊ တောင့်တမိနေတာတွေရှိသလား။
-စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေရှိလား။
-တစ်စုံတစ်ယောက်အတွက် တိတ်တိတ် လေး ဆုတောင်းပေးနေချင်တာမျိုးရှိလား။
-ဆုတောင်းချင်တဲ့စိတ်မပေါ်မိဘူးလား…
-ပုလင်းလေးတစ်လုံးထဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရေးပြီး ပင်လယ်ထဲမျှောဖူးသလား။
-ပုလင်းလေးလည်းမလိုပါဘူး။
-စာရွက်လေးလည်းမလိုပါဘူး..မိတ်ဆွေတင်လိုက်တဲ့ စာလေးတစ်ကြောင်းဟာ.. ကောင်းကင်ထဲမှာမျောနေမယ်။ Application သုံးနေတဲ့ဘယ်သူမဆိုမြင်နိုင်မယ်။အားလုံးမြင်ရမယ်။ ဒါပေမယ့် ကိုယ်တင်လိုက်တဲ့ဆုတောင်းစာကို ဘယ်သူတင်လဲဆိုတာတော့မြင်ရမှာမဟုတ်ဘူး။ဒါကြောင့်သင့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်ရှိတယ်လို့ဆိုပါတယ်။ယုံကြည်ပြီးဆုတောင်းရင်…. တစ်နေ့နေ့မှာ…မိတ်ဆွေတို့ဆန္ဒပြည့်ပါ့လိမ့်မယ်။
(ဒါပေမယ့်ချွင်းချက်အနေနဲ့ အများအမြင်မှာမသင့်တော်သော ဆုတောင်းများ၊နှောင့်ယှက်စာများကိုတော့တားဆီးဖယ်ရှားပါမယ်လို့ Developer “Ko Nyein Chan KoKo” ကရေးသားထားပါတယ်။)
ဆုတောင်း(Wish) v1.4 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
 Download link 
မူရင်းအားcredit​ပေးပါတယ်
စစ်​​တောင်းသား
Monday, April 18, 2016
Hi font apk
iFont v.5.4.9 Samsung ဖုန်းတွေ Version 5.1.1 ကနေစပြီး တစ်ချို့ဗားရှင်းအမြင့်တွေ Font Style ကနေ မြန်မာဖောင့်ချိန်မရတော့ပဲ Unintall ပဲ တောင်းနေတဲ့ ပြသနာတွေ ရှိလာပါတယ် ။
အောက်​မှာ​ပေးထားတဲ့linkကို​ဒေါင်းယူလိုက်​ပါ
( Root ရှိရန် လုံးဝ လုံးဝ မလိုအပ်ပါဘူး )
အင်စတောလုပ်ပြီးတာနဲ့ မိမိဖုန်းထဲမှာ Easy Apply ဆိုတဲ့ Shortcut လေးပေါ်နေတာကို တွေ့ရမယ် ။ .ထို Easy Apply ထဲကိုဝင်၍ မိမိချိန်လိုသောဖောင့်ကို ရွေးချိန်းနိုင်ပါတယ် ။ Facebook မှာလဲ မြန်မာစာမှန်ပါတယ်... Browser မှာ မှန်ဖို့အတွက်ကတော့... Firefox Browser သို့မဟုတ် Free Adblocker Browser ကိုအသုံးပြုပါ . ပြီးနောက် Browser ထဲက Add Ons မှာ Tagu ကို အင်စတောလုပ်ပေးလိုက်ပါ ။ Zawgyi ရော Unicode ရော နှစ်မျိုးလုံး 100% အမှန်မြင်ရပါမယ် .ဒါဆို Samsung ဖုန်းတွေ Root မလုပ်ပဲ ဖုန်းတစ်ခုလုံး မြန်မာစာ 100% မှန်အောင် အသုံးပြုလို့ရပြီပေါ့. Video နဲ့လည်း ရှင်းပြထားပါတယ်
မူရင်းတင်​ဆတ်​သူအား credit​ပေးပါတယ်
စစ်​​တောင်းသား​လေး
သားသားမီးမီးတို့အချစ်​တိုး​စေရန်​ အိပ်​ရာဝင်​ပုံပြင်​​လေးများ
မဂ်​လာပါခင်​​ဗျာ
ဒီ​ဆော့ဒ်​ဝဲလ်​​လေးက​တော့ မိမိတို့ရဲ့သားသားမီးမီး​လေးတို့ အချစ်​တိုးလာ​စေမယ့်​ ညအိပ်​ရာဝင်​ပုံပြင်​​လေး​တွေကိုတင်​ဆတ်​​ပေးထားတဲ့​ဆောဒ်​ဝဲလ်​​လေးတခုပဲဖြစ်​ပါတယ်
အသုံးပြုမယ်​ဆိုရင်​​တော့ ​အောက်​က​ပေးထားတဲ့linkမှာ​ဒေါင်းယူပြီinstallလုပ်​ယူအသုံးပြုဖတ်​ရှူနိုင်​ပါတယ်​ခင်​​ဗျာ..
 Download link 
ပျော်​ရွှင်​စရာ မိသားစုဘ၀​လေးကိုပိုင်​ဆိုင်​နိုင်​ကြပါ​စေခင်​​ဗျာ.
စစ်​​တောင်းသား​လေး
Sunday, April 10, 2016
✔မ​လေးစကား မ​လေးစာ.pdf✔
မ​လေးရှားဘာသာစကား​လေ့လာလိုသူများအတွက်
"မ​လေးစာ မ​လေးစကား"ဆိုတဲ့.pdfစာအုပ်​ဖိုင်​​လေး
တင်​​ပေးလိုက်​ပါတယ်
အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါတယ်
 Download link 
အဆင်​​ပြေပါ​စေ။
           ကို​ဇော်​သွင်​(နည်းပညာ)
        www.zawthwin.com
စစ်​​တောင်းသား​လေး
Saturday, March 5, 2016
သင်္ကြန်​ သီချင်းများနှင့်​ဖုန်းအသံ​လေး​တွေလန်းမယ်
သက်ြင်္န်​ကာလကျ​ရောက်​​တော့မှာဖြစ်​တဲ့အတွက်​​ကြောင့်
သင်္ကြန်​သီချင်းများနှင့်​ပြုလုပ်​ထားတဲ့ ဖုန်းအသံ ​လေးများကို ပြန်​လည်​ ​ဝေမျှ​ပေးလိုက်​ပါတယ်
Credit..မူရင်း
 Download Link 
စစ်​​တောင်းသား​လေး
Friday, February 19, 2016
ဖုန်းအဝင်​callကို​လော့ချထား​ပေးမယ့်​ apk
မဂ်​လာပါခင်​ဗျာ
အခုတင်​ဆတ်​​ပေးတဲ့ apk​လေးက​တော့ မိမိတို့ဖုန်းရဲ့ အဝင်​call​တွေကို တခြားသူများမကိုင်​​စေမသိ​စေရ​အောင်​ ​လော့ချ​ပေးထားမယ့်​ ​ဆော့ဒ်​ဝဲလ်​ ​လေးပြဲဖစ်​ပါတယ်
လော့အက္ခရာ​လေးလုံးနဲ့ လျို့ဝှက်​ထားပြီး​တော့ ဖုန်းဝင်​လာခဲ့လျင်​ အဲဒီလျို့ဝှက်​နံပါတ်​​လေးလုံးကို ထည့်​​ပေးပြီးမှ ဖုန်းကိုလက်​ခံစကား​ပြောလို့ရမျိာဖြစ်​ပါတယ်​..
အသုံးပြုနိုင်​ရန်​ ​အောက်​မှာ​ဒေါင်းယူလိုက်​ပါ..
 Download Link 
စစ်​​တောင်းသား​လေး
Thursday, February 18, 2016
ကိုယ့်ဖုန်းရဲ့ မျက်နှာပြင်းကို Video Recorder ရိုတ်ကူးနိုင်ယုံသာမက ScreenShot လည်းရိုတ်နိုင်တဲ့ မိုဘိုင်း App
ကိုယ့်ဖုန်းရဲ့ မျက်နှာပြင်းကို Video Recorder ရိုတ်ကူးနိုင်တဲ့ အကောင်းဆုံးမိုဘိုင်းဆော့ဝဲလ်လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။
ဖုန်းထဲမှာ Root မလုပ်ထားလည်းအသံးပြုနိုင်ပါတယ်။ Video Recorder ရိုတ်ကူးနိုင်ယုံသာမကဘဲ image အဖြင့် ScreenShot လည်းရိုတ်နိုင်မှာပါ အရမ်းကောင်းပြီးပေါ့ပါးတဲ့ Video Recorder လေးတစ်ခုပါ ကိုယ့်ရဲ့ မျက်နှာကိုလည်း အရှေ့ ဘက်ကင်မရာဖြင့် Screen ပေါ်မှာ ပေါ်စေအောင်လုပ်လို့ လည်းရပါတယ်။
အသုံးပြုနည်းကိုတော့ အောက်မှာပုံလေးတွေနဲ့ လက်တွေ့ ရှင်းပြထားပါတယ်။
ဆော့ဝဲလ်လေးကိုတော့အောက်မှာဒေါင်းယူလိုက်ပါ။
 Download Link 
Credit..​ဆော့ဒ်​ဝဲလ်​လမ်းညွုန်
စစ်​​တောင်းသား​လေး
Thursday, February 11, 2016
ရွှေထူး(စိတ်​ကူးယဉ်​စာအုပ်​) စီးရီး
နှစ်​သက်​သူများအတွက်​ ရှာ​ဖွေ ကူးယူတင်​ဆတ်​​ပေးလိုက်​ပါတယ်
အလုပ်​မအားတာ​ကြောင့်​linkတခုတည်းကပဲ အားလုံးကို ကူးယူလိုက်​ပါ​နော်​..
ရွှေထူး-စိတ်​ကူးယဉ်​စာအုပ်
01- တံခါးဖွင့်​ထားပါတယ်
02 - လူဆိုး
03 - အမုန်းသို့
04 - အကြီးဆုံးသား
05 - လက်​​ဆောင်
06 - ချစ်​သူပြဿနာ
07 - စိတ်​ကူးယဉ်​စာအုပ်
08 - Medusa
09 - အချစ်​စစ်​အချစ်​မှန်
10 - ငါမှန်​တယ်
11 - Baby Piggy
12 - စိတ္တဇ​ဆေးရုံ
သီချင်းများကို ​အောက်​က ​ပေးထားတဲ့ linkမှာ​ဒေါင်းယူလိုက်​ပါ..
 Download Music 
မူရင်းအား..credit​ပေးလိုက်​ပါတယ်​..
စစ်​​တောင်းသား​လေး
Wednesday, January 20, 2016
ဟင်းချက်​နည်း စာအုပ်
အိမ်​ရှင်​မများ အတွက်​​နေ့စဉ်​ စား​သောက်​​နေ​သော ဟင်းလျာများချက်​ပြုတ်​နည်းအမျိုးမျိုး စာအုပ်​ကို ​အောက်​မှာ​ဒေါင်းယူပြီး ဖုန်းထဲမှာပဲ​လေ့လာနိုင်​ပါသည်​..
 Download Link 
စစ်​​တောင်းသား​လေး
သုတ်​လွတ်​မြန်​ပြီဆိုရင်​ +18
တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလားး
စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင်  ဒီသိပ္ပံနည်းကျနည်းလမ်းတွေကိုကြိုးစားသင့်ပါတယ်မိတ်ဆွေ
သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး(သုတ်လွှတ်မြန်နေပြီ)ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ကြုံနေရတဲ့ကိစ္စပါ ။
သုတ်လွှတ်မြန်တယ်( ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်)ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။
ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
အမျိုးသားတွေသတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့မဟုတ်ပါဘူး။ဆက်ဆံတဲ့ချစ်သူအမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။
Dr.Thomas J.Walshနဲ့ အခြားဆေးပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြခဲ့ကြပါတယ်။အဲ့ဒါတွေကတော့
၁။ကိုယ့်ကိုကိုယ်သိပါ
ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။အဲ့ဒီပြီးတော့မယ့်အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့  Dr.Emily Morseကပြောပါတယ်။Lotionဒါမှမဟုတ်ချောဆီတစ်ခုခုကိုအသုံးပြုပြီး ပြီးခါနီးအချိန်ကိုရောက်အောင်လေ့ကျင့်သင်တယ်လို့ Drက ထပ်ပြောပါတယ်။
၂။ညှစ်ခြင်း
ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါလို့ Dr.Ian Kernerကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ်ခဏလောက်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr.Walshက ထပ်ပြောပါတယ်။
၃။အမျိုးသမီးကို ဦးစားပေးပါ။
ပါးစပ်နဲ့။ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစာနိုင်ပါလိမ့်မယ်လို့ Dr.Kernerက ပြောပါတယ်။
၎။ထုံဆေးး
သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ  လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့စပရေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီးကတော့ အဲ့ဒီ့အာနိသင်ကို ခံစားရမှာမဟုတ်ပါဘူးလို့ Dr.Walshက ပြောပါသေးတယ်။Promescentဆိုတဲ့ဆေးနဲ့ သူ့လူနာတွေအဆင်ပြေတယ်လို့ Drက ပြောပါသေးတယ်။ဒါပေမယ့် သတိထားစရာတစ်ခုရှိပါတယ်။အာရုံခံနိုင်စွမ်းလျော့ကျတာနဲ့အမျှ လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကလည်း ကျလာတာကိုပါပဲ။
၅။ကွန်ဒုံး
တချို့ကုမ္ပဏီတွေက ပိုထူတဲ့ရာဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ပါတယ်။အဲ့ဒါတွေရဲ့ အာနိသင်ကတော့ ထုံဆေးတွေလိုပါပဲလို့ Dr.Morseကပြောပါတယ်။“Extended Pleasure””maximum performance”ဆိုတဲ့ စကားလုံးတွေပါတဲ့ ကွန်ဒုံးတွေကို ရွေးနိုင်ပါတယ်။
၆။စိတ်ကြွဆေးး
လိင်တံထောင်မတ်လာဖို့ စိတ်ကြွဆေးတွေသုံးကျပါတယ်။ဥရောပမှာတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ စိတ်ကြွဆေးတွေရှိပါတယ်။ဒါပေမယ့် စိတ်မချရပါဘူး။သုတ်လွှတ်မြန်တာကို ကုစားဖို့ စိတ်ကြွဆေးကို ကုထုံးတစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့ လွဲမှားတဲ့ကုထုံးတစ်ခုပါ။စိတ်ကြွဆေးတွေဟာ စိတ်ကျရောဂါ။စိတ်ကစဥ့်ကလျားဖြစ်စေတဲ့ရောဂါနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသေးတယ်။Dr.Walshကအကြံတစ်ခုပေးပါတယ်။စိတ်ကြွဆေးတွေသုံးမယ်ဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါတဲ့။
၇။ကျွမ်းကျင်သူတစ်ဦးကိုမေးပါ
အပေါ်က နည်းလမ်း၆ခုနဲ့ ကြိုးစားကြည့်ပြီး သုတ်လွှတ်မြန်တာကို ဖြေရှင်းလို့ မရရင်တော့ လိင်ရောဂါအထူးကုဆရာဝန်တစ်ယောက်နဲ့ပြကြည့်ပါလို့ အကြံပြုချင်ပါတယ်လို့ Dr.Walshက ပြောပါသေးတယ်။
Credit :Gentleman Magazine