Thursday, July 28, 2016

Messenger မှာ ဘက်​စကတ်​​ဘော​ဆော့မယ်

***Messenger အက်ပလီကေးရှင်းထဲမှာ ၀ှက်ထားတဲ့ ဘတ်စကတ်ဘောဂိမ်းကို ဘယ်လိုကစားကြမလဲ***
အသစ်ထွက်လာတဲ့ Facebook ရဲ့ Messenger အက်ပလီကေးရှင်း update မှာ ဘတ်စကတ်ဘော ဂိမ်းတစ်ခု လှို့ဝှက်စွာ ပါဝင်လာတယ်ဆိုတာကို စာဖတ်သူတို့ သိကြရဲ့လား။
ဒီဂိမ်းဟာ အရင် စမတ်ဖုန်းတွေပေါ်စတုန်းက လူငယ်တွေကြားမှာ ခေတ်စားခဲ့တဲ့၊ Paper Toss ဂိမ်းလိုမျိုးပဲ ဖြစ်ပြီး၊ ဘတ်စကတ်ဘော ဘောလုံးတစ်လုံးကို ပိုက်ထဲဝင်အောင် ပစ်ထည့်ကစားရမှာဖြစ်ပါတယ်။
ဘောလုံး တစ်လုံးဝင်ရင် အမှတ်တစ်မှတ် ရမှာဖြစ်ကာ၊ တစ်လုံးချော်သွားတာနဲ့ တစ်မှတ် ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ဆယ်မှတ် ကျော်သွားတာနဲ့ ပိုက်က ဘယ်ညာလှုပ်ရှားနေမှာဖြစ်ပြီး၊ ဘောလုံးကို ခက်ခက်ခဲခဲ ၀င်အောင် ပစ်ထည့်ပေးရမှာဖြစ်ပါတယ်။
Facebook ဟာ ဒီဂိမ်းကို Messenger အတွင်းမှာ ၀ှက်ထည့်ထားတာဖြစ်တာကြောင့်၊ ဒီတိုင်း လိုက်ရှာနေလို့ ကတော့ တွေ့မှာမဟုတ်ပါဘူး။
ဒါပေမယ့် မပူပါနဲ့။ အောက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်လိုက်ရင် Messenger သုံးနေရင်းနဲ့ အပျင်းပြေ ဘတ်စကတ်ဘောဂိမ်းလေး ကစားနိုင်မှာဖြစ်ပါတယ်။
(၁) ပထမဦးဆုံး Messenger အက်ပလီကေးရှင်းကို update မလုပ်ရသေးဘူးဆိုရင် update လုပ်လိုက်ပါ။ (သူငယ်ချင်းတစ်ယောက်ယောက် update ဆွဲပြီးသားရှိရင်လည်း Zapya နဲ့ဖြစ်ဖြစ် တောင်းလိုက်ပေါ့

(၂) သူငယ်ချင်းတစ်ယောက်ယောက်ကို ဘတ်စကတ်ဘောပုံ emoji လေး ပို့လိုက်ပါ။ ( emoji ပုံပါ။ sticker တွေထဲမှာ လိုက်မရှာပါနဲ့။ စာရိုက်တဲ့ box ဘေးနားက emoji ပုံလေးတွေထဲက၊ ခေါင်းလောင်းပုံ အောက်မှာ ဘတ်စကတ်ဘောပုံ ရှိပါတယ်။)


(၃) ပို့ပြီးသွားရင်၊ အဲဒီ ဘတ်စကတ်ဘောပုံလေးကို နှိပ်လိုက်ပါ။
(၄) ဒါဆိုရင် ဂိမ်းစခရင်ပေါ်လာမှာဖြစ်ပြီး၊ ဘတ်စကတ်ဘောလုံးကို လက်နဲ့ပစ်ကာ၊ ခြင်းထဲ ၀င်အောင် ထည့်ရာမှာဖြစ်ပါတယ်။ ခြင်းထဲဝင်သွားရင်၊ အမှတ် တက်လာတာကို မြင်ရမှာပါ။
ကိုယ်အများဆုံးရတဲ့အမှတ်ကို မက်ဆေ့ဘောက်ထဲမှာ ဖော်ပြထားမှာဖြစ်လို့၊ ကိုယ့်သူငယ်ချင်းတွေလည်း မြင်တွေ့နိုင်ပြီး၊ ဘယ်သူ အမှတ်များများပိုရလဲဆိုတာ ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။ PC နဲ့ web browser ကနေ Messenger ကို သုံးတဲ့လူတွေတော့ ဆော့ကစားနိုင်မှာမဟုတ်ဘဲ၊ မိုဘိုင်း အက်ပလီကေးရှင်း Messenger ကနေသာ ကစားနိုင်မှာဖြစ်ပါတယ်။
Messenger ထဲမှာ အခုလို hidden game တစ်ခု ပါလာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Facebook ဟာ အရင်တုန်းကလည်း Chess ဂိမ်းတစ်ခုကို Messenger ထဲ ဘယ်သူမှမသိအောင် ထည့်ထားဖူးပါတယ်။

Credit..

စစ်​​တောင်းသား​လေး


Mobile phone ကိုထိန်းသိမ်းနည်း

၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Credit..မူရင်း

စစ်​​တောင်းသား​လေး..


Wednesday, July 27, 2016

Prisma Update အသစ်တွင် Gallery ထဲကို Save လို့ရမယ့် ခလုတ်လေးပါလာပါပြီ

Prisma အသုံးပြုသူ Android User များတောင်းဆိုမူများကြောင့် အသစ်ထပ်ထွက်လာတဲ့ Update Version တွင် Gallery ထဲကို Save လို့ရမယ့် ခလုတ်လေးပါလာခဲ့ပါပြီ။ Android တွက်သုံးလို့မရသေးတဲ့ အချို့ ဖုန်းတွေတွက် Update Version ကိုသာ စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Update ဗားရှင်းကို  အောက်မှာဒေါင်းယူနိုင်ပါပြီ

 Download link 

ဆော့ဒ်​ဝဲလ်​လမ်းညွုန်​ မှကူးယူသည်
စစ်​​တောင်းသား​လေး


Thursday, June 30, 2016

မြိုင်​ရာဇာတွတ်​ပီရုပ်​ပြစာအုပ်​အသစ်​(၇)အုပ်

စာအုပ်​စာ​ပေချစ်​ သူငယ်​ချင်းများအတွက်​ မြိုင်​ရာဇာ တွတ်​ပီ စာအုပ်​အသစ်​ (၇)အုပ်​ပါ
အောက်​မှာ​ဒေါင်းယူလိုက်​ပါ ခင်​​ဗျာ..
Linkတခုထဲကိုပဲဝင်​ပြီး တခုစီ​ဒေါင်းယူလိုက်​ပါ
 Download link book(7) 

>>စစ်​​တောင်းသား​လေး<<


Wednesday, June 29, 2016

မြိုင်​ရာဇာ တွတ်​ပီ ရုပ်​ပြစာအုပ်​အသစ်​(၇)အုပ်

စာအုပ်​စာ​ပေချစ်​ သူငယ်​ချင်းများအတွက်
မြိုင်​ရာဇာ တွတ်​ပီ ရုပ်​ပြစာအုပ်​ အသစ်​(၇)အုပ်​အား ပြန်​လည်​မျှ​ဝေလိုက်​ပါတယ်
Downloadကို​တော့ ထုံးစံအတိုင်းအချိန်​မရလို့ zipချုံပြီး​ပေးထားပါတယ်
လိုအပ်​တဲ့​ဆော့ဒ်​ဝဲလ်​​တွေကိုလည်းထည့်​သွင်း​ပေးထားပါတယ်
အောက်​မှာ​ဒေါင်းယူလိုက်​ပါခင်​​ဗျာ...

တွတ်​ပီစာအုပ်​zip link>>>
 Download link 
Zip(rar)ဖြည်​ရန်​ link>>>
 Download link( rar) 
Zip(rar)ဖြည်​နည်း စာအုပ်​>>>
 Download link  

စစ်​​တောင်းသား​လေး


Tuesday, June 28, 2016

မြိုင်​ရာဇာ တွတ်​ပီ..ရုပ်ပြ​စာအုပ်​အသစ်​(၆)အုပ်

စာအုပ်​စာ​ပေချစ်​ friများအတွက်
တွတ်​ပီ စာအုပ်​(6)အုပ်​အားပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါသည်
Download linkကိုကျ​နော်​အချိန်​မရပါ၍
အားလုံးကိုzip ချုံ့ပြီးတင်​​ပေးလိုက်​ပါတယ်
Downloadရယူပြီးရင်​ သင်​တို့ဖုန်းမှာ​ဗလာဖြစ်​ပြီးသုံး၍ ရမှာမဟုတ်​ပါ အဲဒီအတွက်​ကို rarဖြည်​ရန်​အတွက်​ ​ဆော့ဒ်​ဝဲလ်​ နှင့်​ အသုံးပြုလုပ်​နည်းကို တခါတည်းထည့်​​ပေးထားပါသည်
အားလုံးကို ​အောက်​မှာ​ဒေါင်းယူလိုက်​ပါ ခင်​​ဗျာ

တွတ်​ပီစာအုပ်​ယူရန်​..  Download link 

Zipဖြည်​နည်း..........  Download link 

Rarဖြည်​ရန်​​ဆော့ဝဲလ်​.  Download link 

စစ်​​တောင်းသား​လေး


Monday, June 27, 2016

ကို​ရွှေထူး(ပြည်​) ..တရပ်​ကွက်​လုံးပြုံးချင်​ ပြုံးပါ​စေကွယ်

စာအုပ်​စာ​ပေချစ်​ friများအတွက်
ကို​ရွှေထူး(ပြည်​) ရဲ့ တရပ်​ကွက်​လုံးပြုံးချင်​ပြုံးပါ​စေ ရုပ်​ပြ စာအုပ်

 Download link 

စစ်​​တောင်းသား​လေး