Thursday, October 29, 2015

ဖုန်းလာရင် အချက်ပေးမယ့် ဖုန်းသံများ v1.0.0 Apk

ဖုန်းလာတဲ့အခါ အချက်ပေးမယ့် ဖုန်းသံများကို မြန်မာသီချင်းလေးတွေနဲ့ အသုံးပြုနိုင်ပါပြီ။
မြန်မာဘာသာ နဲ့ အသုံးပြုရမှာဖြစ်ပြီး ဖုန်းသံများသာမက မက်ဆေ့ပို့ လာတဲ့အသံ နှင့် Notification အသံနှင့် နှိုးစက်အသံ စတာတွေကို လွယ်ကူစွာရွေးချယ်ထားနိုင်မယ့် မြန်မာ Ringtone App တစ်ခုဖြစ်ပါတယ်။
လွယ်ကူရိုးရှင်းစွာပုံစံနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။
အသုံးပြုနည်းကိုလည်း ယင် App ထဲမှာဖော်ပြထားပါတယ်။
ဘယ်လောက်အသုံးဝင်လဲဆိုတာ ScreenShot ပုံလေးတွေပြထားပါတယ်။
အသုံးဝင်ပြီး ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။

ဖုန်းသံများ ဆော့ဝဲဖ်အားဒေါင်းယူရန်။
 Download here 


ဆော့ဒ်​ဝဲလ်​ လမ်​ညွုန်​ မှ
ကူးယူတင်​ဆတ်​သည်​။

စစ်​​တောင်းသား​လေး


Tuesday, October 27, 2015

Unlocked လုပ်ပြီးသား ကားမောင်းဂိမ်းလေး Parking Reloaded 3D Mod APK For Android

ဂိမ်းဝါသနာ ပါသူများအတွက် Unlocked လုပ်ပြီးသား ကားမောင်းဂိမ်းလေးတစ်ခုဖြစ်တဲ့ Parking Reloaded 3D Mod  ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ် ကစားလို့ကောင်းပြီး 3D ဂိမ်းလေးဖြစ်တဲ့အတွက် ရုပ်ထွက်ကြည်လင်ပါတယ် ဖိုင်ဆိုဒ်က 47.8 MB ရှိပြီး စိတ်ဝင်စားသူတွေ အောက်လင့်မှာ ဒေါင်းယူနိုင်ပါပြီ။



 Download here 

စစ်​​တောင်းသား​လေး
 http://yekowinbloggercom.blogspot.com 


Android ဖုန်းဖြင့် လိုင်းခွဲ Extensions ဖုန်း များအား အလိုလျောက် တိုက်ရိုက်ခေါ်ဆိုနိုင်အောင်ပြုလုပ်ခြင်း


ပင်မဖုန်းနံပါတ်အားခေါ်ဆိုပြီးမှ လိုင်းခွဲနံပါတ်အား ထပ်မံနှိပ်ကာ ခေါ်ရသော လိုင်းခွဲဖုန်းနံပါတ်များသို့ ဖုန်းခေါ်ရာတွင် လိုင်းခွဲနံပါတ်အား ထပ်မံနှိပ်ရန်မလိုအပ်ပဲ မိမိခေါ်လိုသော လိုင်းခွဲသို့ တိုက်ရိုက်တစ်ခါတည်း ခေါ်နိုင်စေရန်အတွက် Android OS ဖုန်းများတွင် ပြုလုပ်ထားနိုင်မည်ဖြစ်သည်။ ၄င်းမှာဖုန်း၏ Contact တွင် ဖုန်းနံပါတ်အား မှတ်သားရာ၌ လိုင်းခွဲနံပါတ်များ ကိုပါတစ်ပါတည်း မှတ်သားခြင်း နည်းဖြစ်ပြီး ယင်းကဲ့သို့ မှတ်သားထားခြင်းဖြင့် မိမိခေါ်လိုသော လိုင်းခွဲဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။

(၁) ပထမအဆင့်အနေဖြင့် Contact ကိုဖွင့်လိုက်ပါ။
(၂) Contact အတွင်းတွင် ဖုန်းနံပါတ်အသစ်မှတ်သားရန် ရွေးချယ်ပါ။ Contact အဟောင်းအား ပြန်လည် ပြုပြင်မှတ်သား လိုပါက Edit ကိုနှိပ်၍ ပြုပြင်နိုင်ပါသည်
(၃) မိမိ မှတ်သားလိုသော ပင်မဖုန်းနံပါတ်အား အရင်ထည့်သွင်းပြီးပါက ၄င်း၏ နောက်တွင်ဆက်လက်ရှိနေသော Extensions အားဆက်လက်မှတ်သားရန်အတွက် ပထမမှတ်သားထား သောဖုန်းနံပါတ်၏ နောက်တွင် ( ; ) သို့မဟုတ် ( , ) ကိုထည့်သွင်းပါ။

(၄) ( ; ) သို့မဟုတ် ( , ) ၏နောက်တွင် Extensions နံပါတ်အား ဆက်လက်မှတ်သားပါ။

Extensions မှတ်သားရာတွင် ( ; ) အသုံးပြုခြင်းနှင့် ( , ) အားအသုံးပြုခြင်း နှစ်မျိုးရှိသည့်အနက်

( ; ) ဖြင့် မှတ်သားပါက ပင်မဖုန်းသိုဖုန်းဝင် သွားချိန်တွင် မိမိမှတ်သားထားသည့် လိုင်းခွဲနံပါတ်အား တစ်ပါတည်း ဖော်ပြပေးထားမည် ဖြစ်ပြီး yes or No စနစ်ဖြင့် လိုင်းခွဲအား ခေါ်မည် မခေါ်ပါ အစရှိသည်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

( , ) ဖြင့်မှတ်သားပါက ပင်မဖုန်းသို့ ဖုန်းစတင်ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် လိုင်းခွဲသို့ တိုက်ရိုက်အလိုအလျောက် ဖုန်းခေါ်ဆိုမှု ရောက်ရှိသွားမည်ဖြစ်သည်။
Contact တွင်ထိုသို့ မှတ်သားပါက မိမိခေါ်လိုသော လိုင်းခွဲဖုန်းနံပါတ်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။

Contact စနစ်တွင် ယင်းကဲ့သို့ မှတ်သားကာ လိုင်းခွဲနံပါတ်များသို့ တိုက်ရိုက်ဖုန်းခေါ်ခြင်းအား ပြုလုပ်နိုင် သော်လည်းခေါ်ခဲ့ပြီးသော Call log စနစ်မှ လိုင်းခွဲနံပါတ်များသို့ တိုက်ရိုက်ပြန်လည်ခေါ်နိုင်မည်မဟုတ်ပဲ လိုင်းခွဲနံပါတ်များသို့ တိုက်ရိုက်ခေါ်လိုပါက Contact အတွင်းမှသာ ခေါ်နိုင်မည်ဖြစ်သည်။

Contact စနစ်တွင် ဖုန်းနံပါတ်အား မှတ်သားရာ၌ ( ; ) နှင့် ( , ) များအားထည့်သွင်းလိုပါက ကီးဘုတ်တွင်ရှိသော Wait နှင့် Pause စနစ်တို့ကိုနှိပ်ကာ ထည့်သွင်းနိုင်ပြီး အချို့ဖုန်းများတွင် Sym အတွင်းတွင် Wait နှင့် Pause စနစ်များအား ထည့်သွင်းထားခြင်းများလည်းရှိနိုင်သည်။ Sony ဖုန်းအချို့နှင့် အခြား ကီးဘုတ်စနစ်၌ အခက် အခဲရှိသော ဖုန်းများတွင် အခြားနေရာ၌ ဖုန်းနံပါတ်အားရိုက်၍ Copy ကူးကာ Paste ချခြင်း နည်းဖြင့်လည်း မှတ်သားနိုင်မည်ဖြစ်သည်။

Credit = Internet Journal
စစ်​​တောင်းသား​လေး

 http://yekowinbloggercom.blogspot.com 


Thursday, October 22, 2015

မိမိ Facebook ရဲ့ Profile ကို ဘယ်သူတွေဝင်ကြည့်သွားကြလဲ ပြန်ကြည့်နိုင်မည့် App

မိမိ Facebook ရဲ့ Profile ကို ဘယ်သူတွေဝင်ကြည့်သွားကြလဲ ပြန်ကြည့်နိုင်မည့် App တစ်ခုဖြစ်ပါတယ်။
အသုံးပြုရန် ယခု App တွင် မိမိ Facebook ၏ အကောင့် ကို Login ၀င်လိုက်တာနဲ့  မိမိ ဖေ့ဘုတ်စ် Profile ကိုဝင်ကြည့်ထားသူ အများဆုံးရဲ့ အယောက် (၂၀) ကိုပုံနဲ့ တကွကြည့်နိုင်မှာဖြစ်ပါတယ်။
လွယ်ကူရိုးရှင်းပြီး အရမ်းကောင်းတဲ့ Application တစ်ခုဖြစ်ပါတယ်။

Who Viewed My Profile အားဒေါင်းလုပ်ရယူနိုင်ပါတယ်။

 DOWNLOAD LINK 

 Google Play Link 


ဆော့ဒ်​ဝဲလ်​ လမ်းညွုန်
မှကူးယူသည်

စစ်​​တောင်းသား​လေး


Android ဖုန်းများ Software ကြောင့်ဖုန်းပူခြင်း / ပာန်းခြင်း ဖြစ်တက်ပါသလား ???

ကျတော်တို့ Android ဖုန်းအသုံးပြုသူတော်တော်များများ မေးကြလို့ ကျတော်

နားလည်သလောက်လေး ဆွေးနွေးကြည့်ပါမယ်။ Android ဖုန်းတော်တော်များများ
Software ပိုင်းကြောင့်ဖုန်းပူခြင်း ကတော့ ဖုန်းနဲ့ကိုက်ညီမှု့မရှိတဲ့ application များကို
သုံးမိတဲ့အခါတွေမှာဖြစ်တက်ပါတယ်။ application တစ်ခုက MB ဘယ်လောက်ရှိလဲ
နောက်ပြီး ဒီ application တစ်ခုပာာ အမြဲတမ်းသုံးစွဲမဲ့ application မျိုးပာုတ်ပါသလား
ဆိုတာကိုအရင်ဆုံးကျတော်တို့ စဉ်းစားရပါမယ်။ ကျတော်ပြောချင်တဲ့ application တွေကတော့
လူတိုင်းအသုံးပြုနေကြတဲ့ Facebook / Messenger တို့လို application တွေပါပဲ။


ဒီလို application တွေပာာ သူ့ရဲ့ application properties ကတင် MB က အခြား applicaton
တွေထက်များတာကိုတော့ လူတိုင်းသိပါတယ်။ ဒါ့အပြင် ဒီ application တွေပာာ internet connection
ရှိမှ သုံးလို့ရတဲ့ application မျိုးတွေလဲဖြစ်တာကြောင့် application ကိုအသုံးပြုနေတဲ့အချိန်
စတင်သုံးစွဲနေတုန်းတော့ မသိသာပေမဲ့ နောက်ပိုင်း application properties အပြင် data properties
တွေပါတက်လာတဲ့အခါ ဖုန်းရဲ့ Memory ပိုင်းကို Storage များထပ်မံနေရာယူလာတာကြောင့်
ဖုန်းပာာ ပူခြင်း / ပာန်းခြင်းများဖြစ်တက်ပါတယ်။ ဒါကြောင့်အဲလိုဖြစ်လာပြီဆို ကျတော်တို့
ဖုန်းကို Memory အရင်စစ်ကြည့်ပါ။

ကျတော်ပြောသလို Memory ပိုင်းမှာ Storage နည်းလာပြီဆိုရင်
တော့ application တွေရဲ့ data properties ကိုလျှော့ချခြင်းဖြင့် အဆင်ပြေအောင်ပြန်သုံးနိုင်ပါတယ်။
Account နဲ့အသုံးပြုတဲ့ application တော်တော်များများဆိုရင်တော့ ကိုယ့်ရဲ့ account နဲ့ password
ကိုသေချာမှတ်သားထားပြီး application properties ကို ချိန်ညှိပြီးအသုံးပြုခြင်းဖြင့် software နဲ့ပတ်တသတ်လို့ဖုန်းပူခြင်း / ပာန်းခြင်း Error ကို ဖြေရှင်းပြီးသုံးနိုင်အောင် အကြံပြုပေးလိုက်ပါတယ်။

နောက်တစ်ခုအနေနဲ့ အခုနောက်ပိုင်းဖုန်းတော်တော်များများမှာ တွေ့ရတဲ့ Error ကတော့ Virus လို့
လူအများသုံးနှုန်းကြတဲ့ Internet ပိုင်းကနေ Android ဖုန်းတွေကို တိုက်ခိုက်နေတဲ့ Error ပါပဲ။

ဒီ Error ကိုမဖြစ်အောင် ကျတော်တို့ ဘယ်လိုကာကွယ်အသုံးပြုသင့်လဲဆိုရင်တော့ Internet ကနေ
အလွယ်တကူ ကြော်ငြာအနေနဲ့ ၀င်ရောက်လာတဲ့ application များကို Download ပြုလုပ်ခိုင်းလာပြီဆိုရင်တော့ဘယ်တော့မှ Download မပြုလုပ်မိအောင် ရှောင်ကြဉ်ကြပါလို့ သတိပေးချင်ပါတယ်။

ဘယိလို application မျိုးတွေကို Download ပြုလုပ်ခိုင်းပါသလဲဆိုရင်တော့ ဖုန်းအတွင်းပိုင်းကို အလှဆင်ရန် application များ /18+ Porn application များ / Quick Broswer ( eg. Cool Broswer ) / Security application များနဲ့သတ်ဆိုင်သော application များအပြင် အမျိုးမျိုးသော application များကို Download ပြုလုပ်ခိုင်းလာရင်ရှောင်ကြဉ်ပြီး မိမိဖုန်းကို အတက်ပါ Error များ မထိခိုက်အောင် အကြံဥာဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။



Remark >>> ကျတော်သိသလောက်သာ အကြံပေးနိုင်တာဖြစ်တာကြောင့် လိုအပ်ချက်များရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

 http://www.zunite.org/ 

စစ်​​တောင်းသား​လေး


Cat Shit One (2009) မြန်မာစာတန်းထိုး



Cat Shit One (2009) မြန်မာစာတန်းထိုး 

Animation ကြိုက်နှ်စ်သက်သူများအတွက်
Cat Shit One ဆိုတဲ့ 
စစ်တိုက်တဲ့ကာတွန်းကားလေးကိုတင်ပေးလိုက်ပါတယ်
ကလေးရောလူကြီးပါကြည့်လို့ကောင်းတဲ့ကားလေးပါ
ဇာတ်ကားတိုလေးဆိုပေမယ့်ကလေးတွေအကြိုက်ပေါ့
မကြည့်ရသေးရင်ကြည့်ဖြစ်အောင်ကြည့်ပါ 
စာတန်းထိုးကိုတော့ Cin Pu (ကိုကျင့်ပူ)
  https://www.facebook.com/cin.pu.127 ဘာသာပြန်ပြီး ပေးပို့ခဲ့တာပါ..
ပုံမှန်အတိုင်း pCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင်  ဒီမှာဖတ်​ပါ ...


 360p Download 80 MB 

........or............

 1080p Download 400 MB   


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း​(​မှော်​ဝန်း) 

စစ်​​တောင်းသား​လေး


Wednesday, October 21, 2015

SPL 2: A Time for Consequences (2015) မြန်မာစာတန်းထိုး

SPL 2: A Time for Consequences (2015)

မြန်မာစာတန်းထိုး

Tuesday, 20 October 2015
SPL 2: A Time for Consequences (2015) မြန်မာစာတန်းထိုး


  SPL 2: A Time for Consequences (2015)

မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ ကြည့်ချင်သူများတောင်းဆိုနေတဲ့
ထိုင်းမင်းသား Tony Jaa နဲ့ တရုတ်မင်းသား Wu Jing 
တို့ပါဝင်ထားတဲ့ ဖိုက်တင်ကားပါ  
ဖိုက်တင်မင်းသား ၃ ယောက်ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်
အတိုက်အခိုက်အကြမ်းအရမ်းမှကြိုက်နှစ်သက်သူတွေ
အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ
မကြည့်ရသေးတဲ့ သူတွေကြည့်ရအောင်လို့
စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင်  ဒီမှာ ဖတ်​လိုက်​ပါ..

 Download 487 MB 

.......or.....

 Download 1.3 GB 

အားလုံးကို ကျေးဇူးတင်ပါတယ်
 ချမ်းငြိမ်း-မှော်ဝန်း 
 http://www.channyein.org/ 

စစ်​​တောင်းသား​လေး


Tuesday, October 20, 2015

Android OS ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ပြပေးမယ့်-HD Full Screen Caller Pro ID v3.1.7 APK

ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်ဗျာ။  နောက်ဆုံးထွက် Version အသစ်လေးပါဘဲ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြောရင်ဘဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်းထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ဒါဆိုရင် Contact တွေကို ကန့်သတ်ချက်မရှိထည့်သွင်းနိုင်ပြီဖြစ်ပါ တယ်ဗျာ။ဒီကောင်းလေး၏ဖိုင်းဆိုဒ်တော့6MB ရှိပြီး Android OS 2.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်။


 Download here 

 ဝင်းလှိုင်(နည်းပညာ) 

စစ်​​တောင်းသား​လေး


Facebook Version 53.0.0.0.1 Apk

Fb အသစ်​ကြိုက်​တဲ့​ဘော်​ဒါတို့ အခု version 53.0.0.0.1
အသစ်​ထွက်​လာလို့တင်​​ပေးလိုက်​ပါတယ်
အသစ်​ကိုမှကြိုက်​တဲ့သူများ ​အောက်​မှာ​ဒေါင်းယူလိုက်​ပါ​နော်


 Download here 

ကျေးဇူးတင်​ပါသည်


Thursday, October 15, 2015

ဖွဘွတ် မေးထဲ့နည်း မေး2step ခံနည်း ဖုန်းဖြုတ်နည်း



ကဲဗျာ ဖွဘွတ် ကို ဖုန်းနံပါတ်ထဲ့ပီး
ဖွင့်ထားတဲ သူတွေအတွက်
mail ထဲ့နည်း
mail 2step ခံထားနည်း
phone နံပါတ်ဖြုတ်နည်း
သယ်ချင်းတို့ တခု့သတိထားရမှာက
use your facebook email ကိုအမှန်ချစ်ဖြုတ်ပေးဖို့မမေ့ပါနဲ့
ဖြုတ်မထားက browesr နဲ့ profile
ဝင်ပီး acc link ယူက ကို့ရဲ့ user name ပေါ်နေတတ်ပါတယ်
mail က gmail နဲံခံရင်ပိုကောင်းပါ
တယ်

သိပီးဆရာများကျော်သွားပေးပါ
 fb mail ထဲ့ဖုန်းဖြုတ်နည်း pdf 

 လုပ်နည်း apk 

အဆင်​​ပြေကြပါ​စေခင်​ဗျာ..
မိုးညိုသား​လေး ဆိုဒ်​မှကူးယူသည်

စစ်​​တောင်းသား​လေး


နေ့စဉ်သုံးအင်္ဂလိပ်စကားပြော apk

ဒီ app ကတော့ မြန်မာဘာသာဖြင့် အင်္ဂလိပ်စကားသင်ယူနိုင်တံ့ app တစ်ခုဖြစ်ပါတယ်..မြန်မာနိုင်ငံက Developer တွေထုတ်ထားတာပါ....အသုံးပြုသူများလွယ်ကူပြီး အချိန်ကုန်သက်သာစေရန်..သင်္ခန်းစာများကို အခန်းလိုက်ခွဲထားတာတွေ့ရပြီး စကားပြောခန်းများစွာကိုလည်း ထည့်ပေးထားတာတွေ့ရပါတယ်..အရမ်းကေါင်းတဲ့ app တစ်ခုပါ..




                Download here 

                 www.engish4mm.com 

ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်..


              www.winhlaing.org 
            ဝင်းလှိုင်​(နည်းပညာ)




စစ်​​တောင်းသား​လေး


စမတ်ဖုန်းအသုံးပြုမှုများသောလူများသည် စိတ်ကျရောဂါ ပိုမို ခံစားရနိုင်



အခု နောက်ပိုင်းထုတ်လုပ်လာတဲ့ Smartphone တွေဟာ စင်ဆာတွေနဲ့ ထုတ်လုပ်လာကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ လက်ဗွေရာနဲ့ ဖုန်းစကရင် လော့ခ် ဖွင့်ရခြင်းတွေ ၊ မျက်လုံးကို စကန်ဖတ်ကာ လော့ခ်ဖွင့်ရခြင်းတွေ အပြင် ၊ GPS စနစ်နဲ့ မိမိရဲ့ တည်နေရာကို မြေပုံမှာ ဖော်ပြခြင်းစတဲ့ အချက်တွေကိုပါ စုံလင်စွာ ထည့်သွင်းလာခဲ့ကြပါတယ်။ ဒီအချက်ကိုတွေ အသုံးပြုကာ Venet Osmani ဆိုတဲ့ နည်းပညာဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ နဲ့ Center for Research and Telecommunication Experimentation for Networked Communities (CREATE-NET) လို့ခေါ်တဲ့ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန ပြုလုပ်ပေးသည့် ကုမ္ပဏီ တို့မှ ပူးပေါင်းကာ စမတ်ဖုန်းတစ်လုံးဟာ လူတစ်ယောက် ရဲ့စိတ်ဖိစီးမှုကို သိရှိနိုင်ကြောင်း အီတလီနိုင်ငံ Trento မြို့မှာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပြုလုပ်ပုံကတော့ စိတ်ကျဝေဒနာသည် လူနာများ အသုံးပြုရန် စမတ်ဖုန်း ၁၂ လုံးကို စိတ်ကျရောဂါ ခံစားနေရသော ဝေဒနာသည် ၁၂ ဦးထံသို့ ပေးကာ လေးလအကြာ စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းများတွင်တော့ ဖုန်းတစ်လုံးဖြင့် လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပြီး လစဉ် သုံးပတ်တစ်ကြိမ်မှာ လူနာရဲ့ အခြေအနေကို မှတ်တမ်းပြု စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးတဲ့အခါမှာ ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ တည်နေရာကို သိရှိစေနိုင်ငံတဲ့ GPS စနစ် နဲ့ အခြား လုပ်ဆောင်ချက်စနစ်များ ကိုဖွင့်ကာအသုံးပြုသည့် စိတ်ကျဝေဒနာရှင် များနှင့် ဖုန်းခေါ်ဆိုမှုကို အသုံးပြုသည့် ဝေဒနာရှင်များဆိုပြီး နှစ်မျိုးခွဲကာ လေ့လာစမ်းသပ်ခဲ့ပါတယ်။
ထိုသို့ လေ့လာတွေ့ရှိချက်များအရ စမတ်ဖုန်းအသုံးပြုတဲ့အခါ စမတ်ဖုန်းတွင်ပါဝင်သည့် လုပ်ဆောင်ချက်များကို အသုံးပြုသူများထက် ဖုန်းခေါ်ဆိုမှု ကြာချိန်ကို အများဆုံး အသုံးပြုကြသည့် လူများက စိတ်ကျဝေဒနာကို ပိုမိုခံစားရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အခု လေ့လာခြင်းဟာ အရမ်းကို ရိုးရှင်းတဲ့ အချိန်ကန့်သတ်ချက်နဲ့ ကန့်သတ်တိုင်းတာတဲ့ လေ့လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းအသုံးပြုမှု အများဆုံးဖြစ်နေသည့် စိတ်ကျ ဝေဒနာရှင်များကို ကုသနိုင်ရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် ကျန်းမာရေး စောင့်ကြည့်ဝန်ဆောင်မှုပေးသည့် mobile application များ ထွက်ပေါ် လာကာ ဖုန်းအတွင်းသို့ built in ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။
Ref : thenextweb
Aung Ko Htet (MMA)
#aungkohtet_mma
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org 
ရွှင်​လန်းချမ်း​မြေ့ပါ​စေ
စစ်​​တောင်းသား​လေး
 http://yekowinbloggercom.blogspot.com 


ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ



အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်စေသည်။

အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-

(၁) အသံ

ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။

(၂) ရုတ်တရက်ကလေးများသေဆုံးမှုများ

ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ သည်ဟုသိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီးသလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်းစနစ်ကို ထိခိုက်စေသည်ဟု သိရသည်။

(၃) ခြောက်သွေ့သောလေ

ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့်ပါးစပ်မှ လေပြွန်ကိုခြောက် သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်းမရှိချေ။

(၄) ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း

နေ့အချိန်ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသော ပန်ကာမှလေများကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းအ တွင်း လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။

ဆော့ဒ်​ဝဲလ်​များနဲ့ကမ္ဘာ
မှကူးယူသည်

စစ်​​တောင်းသား​လေး


နိုင်​ငံတစ်​ကာ​ငွေ​ဈေးကိုကြည့်​မယ်



မင်္ဂလာပါ
ဒီ Apk လေးက နိုင်ငံတကာငွေးဈေး Apk လေးပါပဲ အားလုံးနဲ့ အသုံးတည့်မယ် ထင်ပါတယ် နိုင်ငံတော်တော်များများရဲ့ တရားဝင်ငွေဈေးကို ဖော်ပြပေးတာဖြစ်တဲ့တွက် ပိုအစဉ်ပြေမှာပါ နောက်တစ်ခုက ဒီနေ့ရဲ့ငွေဈေး အချိန်ငွေးဈေး အားလုံးကို ဖော်ပြပေးတာဖြစ်တဲ့တွက် နိုင်ငံခြား ရောက်နေတဲ့ ကျွန်​​တော်​တို့လိုအတွက်​​တော့အသုံးတည့်​တဲ့apk​လေးပါလိုအပ်​သူများလည်​​ဒေါင်းထား​ပေါ့ခင်​ဗျနိုင်​ငံ​ပေါင်းစုံ​ငွေပမာဏကိုပြ​ပေးမဲ့apk​လေးပါ​အောက်​linkမှာဝင်​​ရောက်​​ဒေါင်းယူနိုင်​ပါပြီးခင်​ဗျ။
 Download here 

ဘားအံသား​လေး IT နည်းပညာ
မှကူးယူသည်

စစ်​​တောင်းသား​လေး


Wednesday, October 14, 2015

အသစ်ထွက် English to Myanmar dictionary apk



အသစ်ထွက်တဲ့ English to Myanmar Dictionary App ဖြစ်ပါတယ်..မိမိသိလိုတဲ့စကားလုံးကို search box မှာရိုက်ထည့်ပြီးရှာလိုက်ရုံပါပဲ...တစ်ချို့သော စကားစုတွေကိုပါထည့်ထားတာကိုလည်းတွေ့ရပါတယ်..
ဒီဇိုင်းလေဒကလည်းအရမ်းလန်းတော့သုံးရသူတွေအကြိုက်တွေ့စေမှာသေချာပဲထင်ပါတယ်..

             











                 Download here 

                 www.engish4mm.com 
ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

      www.ayekyaw.org 

ကျေးဇူးတင်​ပါသည်
စစ်​​တောင်းသား​လေး
 http://yekowinbloggercom.blogspot.com 



Posted via Blogaway