Monday, August 31, 2015
‎Mobile‬ မျိုးစုံအတွက် Firmware ရေးသားနည်း(ရဲမင်းအောင်-Ray-Electronic)
Android ချစ်သူများအတွက်ရော့ Service သမားတွေအတွက်ပါAndroid နဲ့ပတ်သက်ပြီးအလိုအပ်ဆုံးစာအုပ်ကောင်းတစ်အုပ်ကိုဒီစာအုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ဆရာရဲမင်းအောင် (Ray-Electronic) မှရေးသားခြင်းဖြစ်ပါတယ်
စာအုပ်အမည်.....Mobile မျိုးစုံအတွက် Firmware ရေးသားနည်း
စာရေးဆရာ.....ရဲမင်းအောင်(Ray-Electronic)
Size....11.89MB
Credit: ပိုစ့်တင်ပေးသူ (စိုင်း လင်း ဇော်)
ဝင်းလှိုင်(နည်းပညာ)
 ဒီမှာdownloadယူပါ 
စစ်​​တောင်းသား​လေး
Window 8 စတိုင်ကဲ့သို့သော-Home 8+ like Windows8 Launcher v3.9.0 build 88Apk
Now တင်ပေးလိုက်တာကတော့ Window 8 စတိုင်သုံးနိုင်တဲ့ Launcher တစ်ခုပါ။ စမ်းသုံးကြည့်ပြီး အရမ်း မိုက်လို့ပြန်တင်ပေးလိုက်တာပါ။ Window 8 Launcher တွေအများကြီးတင်ပေးဖူးတယ်ဆိုပေမယ့် အခု တင်ပေးလိုက်တဲ့ Home8+like Windows8 v3.9.0 Apk ကတော့ အကောင်းဆုံးနဲ့ အလှပဆုံး Launcher ပါ။ Phone ထဲမှာ Page တွေ icon တွေ Background တွေအားလုံးရဲ့ Resolution ဟာအတော်လေးကောင်း မွန်တာကိုတွေ့ရပါတယ်။ နောက်ပြီး Background Theme တွေကိုလည်း အမြဲတမ်းဆန်းသစ်နေအောင် Change နိုင်ပါတယ်။ ပြောင်းနိုင်တဲ့အရောင်တွေကလည်း 10 မျိုးနှင့်အထက်ပါဝင်ပါတယ်။ နမူနာကြည့် နိုင်ဖို့အတွက်အောက်မှာ Screen Shot တွေရိုက်ပြီးပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်ပါတယ်။
 ဒီမှာdownloadယူပါ 
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
Reverse Movie FX PRO –​ဗီဒီယို​လေးများကိုအ​နောက်​ပြန်​မယ့်​apk
အရမ်းလန်းတဲ့ magic video လေးတွေကို android ဖုန်းပေါ်မှာဘဲ ဖန်တီးကြမယ်။ 
အရမ်းကောင်းတဲ့ apps တစ်ခုပါဘဲ။ မိတ်ဆွေတို့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြောင်းပြန်
effect သုံးပြီးတော့ ရုပ်ရှင်ကားတွေထဲက ဖန်တီးထားသလိုမျိုး ဖန်တီးလို့ရပါတယ်။ ဥပမာဗျာ
ခင်ဗျားတို့ အချိုရည်ဗူးထဲကနေ အချိုရည်ကိုခွက်ထဲကို လောင်းထည့်နေတာမျိုး ရိုက်ထားတယ်ဆိုပါတော့။ အဲဒီ ဗီဒီယိုဖိုင်လေးကို အခု apps လေးနဲ့ဖန်တီးလိုက်မယ် ဆိုရင်
ခွက်ထဲက အချိုရည်တွေက ပုလင်းထဲကို ပြန်ပြီး စီးဝင်သွားသလိုမျိုးပေါ့။ နမူနာvideo ဖိုင်လေးပါ တင်ပေးထားပါတယ်။ စိတ်ကူးရှိရင် ရှိသလို ဖန်တီးနိုင်တယ်နော်။ ပြီးရင် ကိုယ့်ရဲ့ 
Facebook ပေါ်မှာ သူငယ်ချင်းတွေကို ဝေမျှပေးနိုင်တာပေါ့ဗျာ။ ဖိုင်ဆိုဒ်က လည်း 33 MB ဘဲရှိပါတယ်
ကဲ အခုဘဲ ကိုယ့်ရဲ့ idea လေးတွေနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖလန်းဖလန်းဖြစ်နေတဲ့
ဗီဒီယိုဖိုင်လေးတွေအဖြစ် ဖန်တီးလိုက်ကြရအောင်............
Reverse Movie FX PRO 
Reverse Movie FX PRO is an app that lets you create a reverse video that looks like a magic trick! First record a video of someone (or you): walking, drinking orange juice, talking or any other idea that comes to your head! After that select a desired movie fragment and press start! The app will reverse your video: you will see people walking backwards, your friend spitting the juice out, people talking backwards!
A few ideas of Video Reverse
Item kinetic attraction (you have to throw an item)
Tear a sheet of paper
Throwing a sheet of papier to the toilet
Drinking a juice (and spitting it out as a result)
Spilling a juice
Money attracting
Etc.
Reversing options
Add music
Reversed + original
Original + reversed
 ဒီမှာdownloadယူပါ 
Sunday, August 30, 2015
မြန်မာမူပြုထားသော ဖုန်းဘတ်ထရီ Apk
ယခု Apps ဟာဖုန်း၏ လက်ကျန်ဘတ်ထရီရဲ့ % နှုန်းကို ဖုန်း၏ Note Bar မှာဖော်ပြပေးယုံသာမက ဖုန်းဘတ်ထရီ နဲပတ်သတ်တဲ့ အကြောင်းအရာတွေနဲ့ ဖုန်းဘတ်ထရီကို မည်ကဲ့သို့ အားသွင်းသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကိုမြန်မာလို သိနိုင်မယ့် Apps အားအောက်ပါ လင့်ခ်တွင်ဒေါင်းယူနိုင်ပါပြီ။
        ဒီမှာdownloadယူပါ 
By..​ဆောဒ်​ဝဲလမ်းညွုန်
စစ်​​တောင်းသား​လေး
သင့်သူသယ်ချင်း၏ ချစ်သူက သင့်ဖုန်းကိုဖုန်းဆက်လာတယ်ဆိုပြီးစနောက်နိုင်မည့် Fack CallvApk
သင့်သူသယ်ချင်း၏ချစ်သူက သင့်အားဖုန်းဆက်လာတယ်ဆိုပြီးတော့စနောက်နိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုရန် ယင် Apps အတွင်ရှိ Caller name တွင်အမည်ထည့်ပြီ Caller number မှာတော့ သင့်သူငယ်ချင်း၏ ချစ်သူရဲ့ ဖုန်းနံပါတ်ထည့်ပေါ့။ Picture မှာတော့ ဓာတ်ပုံထည့်ပေါ့ ပြီးရင်တော့ ဖုန်းခေါ်လာစေမယ့် အချန်တစ်ကို ရွေးချယ်ပေါ့ 10 Seconds, 30 Seconds, 5 Minutes, 10 Minutes အစရှိသဖြင့်ပေါ့ ရွေးချယ်ထားပြီး သင့်သယ်ချင်းကိုအကြောင်းအမျိုးမျိုးပြပြီး မိမိဖုန်းကိုပေးထားလိုက်ပါ မိမိရွေးချယ်ထားတဲ့ အချိန်ပြည့်ရင် စောစောပိုင်းက မိမိထည့်ခဲ့တဲ့ဖုန်းနံပါတ်နဲ မိမိဖုန်းကိုဖုန်းခေါ်လာမှာဖြစ်ပါတယ်။
ဒါကတော့ မိမိသူငယ်ချင်းကိုစနောက်လိုသူတွေတွက်အဆင်ပြေစေမယ့် Apps တစ်ခုလည်းဖြစ်ပါတယ်။
Fack Call Apps အားဒေါင်းယူနိုင်ပါတယ်။
Credit::;​ဆော့ဝဲလ်​ လမ်းညွုန်
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
သင့်သူသယ်ချင်း၏ ချစ်သူက သင့်ဖုန်းကိုဖုန်းဆက်လာတယ်ဆိုပြီးစနောက်နိုင်မည့် Fack CallvApk
သင့်သူသယ်ချင်း၏ချစ်သူက သင့်အားဖုန်းဆက်လာတယ်ဆိုပြီးတော့စနောက်နိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုရန် ယင် Apps အတွင်ရှိ Caller name တွင်အမည်ထည့်ပြီ Caller number မှာတော့ သင့်သူငယ်ချင်း၏ ချစ်သူရဲ့ ဖုန်းနံပါတ်ထည့်ပေါ့။ Picture မှာတော့ ဓာတ်ပုံထည့်ပေါ့ ပြီးရင်တော့ ဖုန်းခေါ်လာစေမယ့် အချန်တစ်ကို ရွေးချယ်ပေါ့ 10 Seconds, 30 Seconds, 5 Minutes, 10 Minutes အစရှိသဖြင့်ပေါ့ ရွေးချယ်ထားပြီး သင့်သယ်ချင်းကိုအကြောင်းအမျိုးမျိုးပြပြီး မိမိဖုန်းကိုပေးထားလိုက်ပါ မိမိရွေးချယ်ထားတဲ့ အချိန်ပြည့်ရင် စောစောပိုင်းက မိမိထည့်ခဲ့တဲ့ဖုန်းနံပါတ်နဲ မိမိဖုန်းကိုဖုန်းခေါ်လာမှာဖြစ်ပါတယ်။
ဒါကတော့ မိမိသူငယ်ချင်းကိုစနောက်လိုသူတွေတွက်အဆင်ပြေစေမယ့် Apps တစ်ခုလည်းဖြစ်ပါတယ်။
Fack Call Apps အားဒေါင်းယူနိုင်ပါတယ်။
Credit::;​ဆော့ဝဲလ်​ လမ်းညွုန်
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
Saturday, August 29, 2015
Tree or Three English အသံထွက်နည်းလေ့ကျင့်ခန်းစာအုပ်
အင်္ဂလိပ်စကားပြောတဲ့အခါ သူတစ်ပါးနားလည်အောင် သို့မဟုတ်..အင်္ဂလိပ်တွေပြောတဲ့အသံတိုင်းအနီးကပ်ဆုံးပြောနိုင်အောင်..သိပ္ပံနည်းကျဖော်ပြထားတဲ့ နည်းစနစ်တွေပါဝင်ပါတယ်...
          ဒီမှာdownloadယူပါ 
www.english4mm.com
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
Friday, August 28, 2015
Winner Soccer Evolution Elite(​ဘောလုံးဂိမ်း)apk
မဂ်​လာပါ
အခုမိတ်​ဆတ်​​ပေးလိုက်​တဲ့ apk​လေးက​တော့Androidဖုန်း​တွေမှာ​ဘောလုံးဂိမ်းကစားမှာဖြစ်​တဲ့ Winner Soccer Evolution Elite apk​လေးဘဲဖြစ်​ပါတယ်​ အချိန်​မရလို့​လေမရှည်​​နေ​တော့ပါဘူး​နော်​ ​အောက်​က ပုံ​လေး​တွေ နဲ့ video​လေး​တွေထည့်​ထား​ပေးပါတယ်​ ​လေ့လာပြီးကြိုက်​နှစ်​သတ်​ရင်​ယူသွားလိုက်​ပါ​နော်
လက်​ရှိကျ​နော်​ကစား​နေတဲ့ ဂိမ်း​လေးဘဲဖြစ်​ပါတယ်​...
Sizeအ​နေနဲ့က 32mရှိပါတယ်
ဗားရှင်းက​တော့1.5.3ရှိပါတယ်
အသင်းအဖွဲ့အများကြီးနဲ့ယှဉ်​ပြိုင်​ကစားရမှာမို့ ကြိုက်​နှစ်​သတ်​လိမ့်​မယ်​လို့ထင်​ပါတယ်​​နော်
It’s free!
Winner's Soccer Evo Elite , now totally Free!
*****
What’s new :
a.The World Cup will last forever! 
From now on, every score and goal you get will be recorded on the ranking list. Just compete with all the global players. See who will be the world's football champion!
b. Hanging out with Friends!
Now you can save the game videos at any time and share them with your global friends!
Certainly you can support your friends by grading their videos!
အောက်​ကvideo link​လေးမှာ​လေ့လာလိုလဲရပါတယ်
          ဒီမှာdownloadယူပါ 
 yotube က​နေ​လေ့လာပါ 
အဆင်​​ပြေပါ​စေဗျာ
စစ်​​တောင်းသား​လေး
Thursday, August 27, 2015
Fbကvideo​တွေကိုအလွယ်​​downloadယူမယ်
မဂ်​လာပါ
အခုတင်​​ပေးတဲ့ အ​ကြောင်းအရာ​လေးက​တော့ cbမှာလာ​တောင်းကြတဲ့သူငယ်​ချင်း​တွေအတွက်​ရည်​ရွယ်​ပြီးတင်​​ပေးမှာဖြစ်​တဲ့ fbမှာvideo downloadဆွဲနည်း​လေးဘဲဖြစ်​ပါတယ်​(သိပြီးသားသူများက​တော့ ​ကျော်​သွားလိုက်​ပါ​နော်​) ဒါကအလွယ်​​လေးပါ အခုကျ​နော်​​ပေးတဲ့ apk​လေး၂ခုကိုinstallလုပ်​လိုက်​ပါ အဲဒါက တခြား​တော့မဟုတ်​ပါဘူး fbဗားရှင်းအ​ဟောင်း​လေး(3.1)​လေးနဲ့ ADM downloader ​လေးဘဲဖြစ်​ပါတယ်​ ကျ​နော်​ကိုယ်​တိုင်​သုံး​နေတာမို့ ပြန်​လည်​ မျှ​ဝေ​ပေးလိုက်​တာပါ ဒီfb apk ​လေးကိုinstall လုပ်​ဖို့ အ​ဟောင်းကိုလည်းဖျက်​စရာမလိုဘဲ apk ၂ခုနဲ့လန်းလို့လဲရမှာပါ အရင်​ဆရာ​တွေမှာ မြန်​မာမှူပြူထားပြီးသားမို့ အရမ်းကိုသုံးလို့​ကောင်းပါတယ်
ယူမယ်​ဆို ​အောက်​က ​ပေးထားတဲ့linkမှာယူလိုက်​ပါ​နော်​.......
Fb(3.1)apkကို   ဒီမှာယူလိုက်​ပါ 
ADM download apkကို    ဒီမှာယူလိုက်​ပါ 
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
ခင်​ပွန်းကြီး(၁၀)ပါးအားကန်​​တော့နည်း
      အရှင်​ဘုရား​သံသရာမှစ၍ တပည့်တော်သည် အစမထင်  ယနေ့တိုင်အောင်-
၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါ်၌၎င်း
၂။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် မြတ်ကြီးတို့် အပေါ်၌၎င်း
၃။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက တို့အပေါ်၌၎င်း
၎။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့အပေါ်၌၎င်း
၅။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့်အပေါ်၌၎င်း
၆။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့်အပေါ်၌၎င်း
၇။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဆရာသမား တို့်၏အပေါ်၌၎င်း
၈။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့် ကျင့်လျက်ရှိကြကုန်
သောပုဂ္ဂိုလ်တို့အပေါ်၌၎င်း
၉။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော  တရားဓမ္မ တို့်ကို ဟော​ပြော ဆုံးမတက်သော သူတို့အပေါ်၌၎င်း
၁၀။ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့်ပေးကမ်း ချီးမြှင့်ထောက်ပံ့ ဖူးသော ကျေးဇူးရှင်တို့၏ အပေါ်၌၎င်း
ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော်​  ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား….။
(အကယ်​၍ ဆု​တောင်းခန်းထည့်​လို လျှင်​ ထည့်​နိုင်​သည်​ မထည့်​ ဘဲ ဒိမှာ ရပ်​ထားလျှင်​လဲ ရပါသည်​။)
မြတ်​ဗုဒ္ဓ ၏သာသနာ(blog ဆိုဒ်​)မှ ကူးယူသည်
Androidဖုန်းများအတွက်မြန်မာfontများနဲ့Root
Androidဖုန်းများအတွက်မြန်မာfontများနဲ့Root apk(၃)မျိုးကိုမြန်မာfontချိန်းမယ့်မိတ်ဆွေများအတွက်တင်ပေးလိုက်ပါတယ်။မြန်မာfontချိန်းရာမှာဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး။ဒီဖုန်းကဒီFontနဲ့အဆင်ပြေပေမဲ့နောက်ဖုန်းကနောက်fontနဲ့မှအဆင်ပြေတာတွေရှိတက်ပါတယ်။
မြန်မာFontများနဲ့Root apkကိုzipချုံ့၍တင်ပေးလိုက်ပါတယ်။downloadလုပ်၍zipဖြည်ကာသုံးနိုင်ပါတယ်။ifont apkနဲ့ifontအသုံးပြု၍ချိန်းရသောမြန်မာfontများ/မြန်မာfont chainger(၅)မျိုး/Root.apk(၃)မျိုးကိုအောက်ကLinkမှာဝင်၍downloadလုပ်နိုင်ပါတယ်။
ifont.apkနဲ့ifontသုံးပြီးချိန်းသောမြန်မာfontများ(font styleပါသောဖုန်းများifont.apkသုံးရန်မလိုပါ)
 Download Here 
မြန်မာfont chainger(၅)မျိုး
 Download Here 
Root apk(3)မျိုး
 Download Here 
Credit::;ဝင်းလှိုင်​(နည်းပညာ)
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
Root အမျိုးမျိုး Myanmar font အမျိုးမျိုး myanmar keyboard. အမျိုးမျိုး apk
အရမ်းကောင်းတဲ့ apk လေးမြန်မျှလိုက်ပါတယ် root အမျိုးမျိုးMyanmar found အမျိုးမျိုး myanmar keyboard. အမျိုးမျိုးမြန်မာစာမမှန်လို့ ပြင်ချင်လား မြန်မာစာနဲ့ ပတ်သတ်တာတွေ root နဲ့ပတ်သတ်တာတွေ ဒီအထဲမှာ အကုန်ရှိပါတယ် ကျွန်တော့်အတွက်တော့ အရမ်း good တယ်ဗျာ
          Download Here 
          Credit:::;ဝင်းလှိုင်​ (နည်းပညာ)
အ​ဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
မြန်​မာ နှစ်​ ၁၀၀ ပြက္ခဒိန်​ 1910 မှ 2020 အထိ
ဒီနှစ်​မှ အသစ်​ထွက်​ထားတဲ့ မြန်​မာ နှစ်​၁၀၀ ပြက္ခဒိန်​ဖြစ်​ပါတယ်​။ အရင်​က အ​ဟောင်းထက်​ Feature ​တွေ ပိုစုံလာပါတယ်​။ ဒီဇိုင်းလည်း ပိုလန်းလာတယ်​။ သုံးရတာ​ပေါ့ပါးပြီး ဖိုင်​ဆိုဒ်​လည်း​သေးတာ​ကြောင့်​ မြန်​မာလူမျိုးတိုင်း ဖုန်းထဲမှာ​ဆောင်​ထားသင့်​တယ်​။ Android Version 4.0 အထက်​ ဖုန်းအားလုံးမှာ အသုံးပြုနိုင်​ပါတယ်​။
လိုချင်​သူများ ဆွဲသွားလိုက်​ပါ။
                 Download Here 
       Credit:::ဝင်းလှိုင်​(နည်းပညာ)
အဆင်​​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
Frozen KeyBoard & Smart Zawgyi installer ( Lenovo 4.4.2 ထိအဆင်ပြေ )
Lenovo တွေကို Root အဆင်ပြေပြီး Myanmar Font အဆင်မပြေလို့ မေးနေကြတာတွေတွေ့ရလို့ပါ။ ကျတော်လဲရှာရင်းရှာရင်း ဒီကောင်လေးနဲ့အဆင်ပြေသွားတယ်။ ကျတော်စမ်းထားတာကတော့Lenovo A606 ရဲ့ version 4.4.2 မှာပါ။ 4.4.2 နောက်ပိုင်းတွေကိုတော့ Support ပေးမပေးမသိပါဘူး။ လိုအပ်မယ်ဆိုရင်တော့ Download ရယူလိုက်ပါ။ Lenovo မှမပာုတ်ပါဘူး …. အခြားDevice များနဲ့လဲအဆင်ပြေပါတယ်။
 Download Here 
           Credit:::;ko htoo
အဆင်​​ပြေကြပါ​စေဗျာ
စစ်​​တောင်းသား​လေး
သိထားသင့်တဲ့ အပျို ၃ မျိုးအကြောင်း သိကောင်းစရာ
၁။ အပျို
၂။ အပျိုစစ်
၃။ အပျိုစင်
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး….။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး…။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး…။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ…။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်…။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး….။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး…။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်…။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး…။
ပြီးခဲ့သော ချစ်သူများနေ့ …။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ…။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်…။အယ်…လက်မခံနိုင်တာက ဘာလဲ……။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်…။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်…။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့….။ဒါမြန်မာနိုင်ငံမှာနော်..။တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ…။
ကဲ…ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်….။
၁။ အပျို …….
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ…..၊။
အားလုံးသိကြမှာပါ…။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ…။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်…။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်…။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်….။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ…။ဒါကို အပျိုလို့ ခေါ်ပါတယ်….။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်…။
၂။ အပျိုစစ်…….
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး…။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်…။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ…။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်…။
၃။ အပျိုစင်…….
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး….။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်…။အပျိုစင် ဆိုတာဘာလဲ…။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်…။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်…။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး…။
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား…။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ…။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်…..။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်….။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်…။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး…။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်….။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ…။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်…။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်…။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ…။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်…။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်….။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး…။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်…။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “ကို့” ညီမတွေ ကြိုးစားကြပါ…။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ …။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ….။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး…။
ကို့ ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ…။
Credit : Original Writer