ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဒန္တသုခပင်(တောဓါးပြပင်)ဖြစ်ပါတယ်။ ၄င်းအပင်ဟာ အလွန်ဆေးစွမ်းထက်သော အပင်ဖြစ်ပါတယ်။
ဒီအပင်ကို မိမိတို့ပတ်ဝန်းကျင်မှာလည်း အလွယ်တကူ မြင်တွေ့နိုင်ကြပါတယ်။
ဒီအပင်ကို Conyza cinerea L လို့ သိပ္ပံနာမည်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ နောက်တစ်မျိုးအနေနဲ့ Little ironweed ဆိုပြီးတော့လည်း ခေါ်ဆိုကြပါသေးတယ်။
ဒီအပင်ရဲ့ ပဉ္စငါးပါး(အပင်၊ အသီး၊ အရွက်၊ အပွင့်၊ အမြှစ်) အားလုံးဟာ ဆေးဖက်ဝင်ပါတယ်။
၁။ ဆေးလိပ်ဖြတ်ချင်သူများအတွက်
ဒီအပင်ကို ၂ ပင်၊ ၃ ပင်ခန့်ကို ယူ၍ ရေနွေးပွတ်ပွတ်ဖြင့် (၁၀)မိနစ်ခန့် ပြုတ်ကာ ဆေးရည်ကို ၂ လခန့် သောက်သုံးပေးပါက ဆေးလိပ်စွဲနေတဲ့ အာသီသများကို ရာခိုင်နှုန်း ၆၀% အထိ လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ရှိထားကြပါတယ်။
၂။ အနာအမျိုးမျိုးအတွက်
ဒီဆေးပင်၏ အရွက်အစိမ်းကို ထောင်း၍ အနာပေါ်ကို အုပ်ပေးပါက အနာများ ကျက်သွား၍ တဖြေးဖြေး သက်သာပျောက်ကင်းသွားပါမည်။
၃။ ပွေး၊ ၀ဲ၊ ညှင်းများအတွက်
အရေပြားပေါ်တွင် ပေါက်နေသော ပွေး၊ ၀ဲ၊ ညှင်းနှင့် နှင်းခူးရောဂါများကိုလည်း ၄င်းဆေးပင်တစ်ပင်လုံးကို ကြိတ်၍ အရည်ရော အဖတ်ပါ ရောဂါပေါ်ကို အုပ်ထားပါက ပျောက်ကင်းစေပါသည်။
၎။ ဆီးချိုသမားများအတွက်
ဆေးပင်၏ အပင်နှင့်အရွက်ကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကို သုံးသကဲ့ ရေနွေးပွက်ပွက်ထဲ ထည့်ပြုတ်ကာ အ၀ါရောင်သန်းနေသည့်အထိ ပြုတ်သောက်ပေးပါက ဆီးချိုရောဂါသက်သာစေပြီး ကိုယ်လက်ညောင်းညာခြင်းများ၊ ဇက်ကျောတက်ခြင်းများကို သက်သာစေပါသည်။
၅။ အစာအိမ်၊ အသည်းရောဂါ၊ ဆီးရောဂါနှင့် မျက်စိရောဂါများအတွက်
ဒီဆေးပင်ကို ရှေးခေတ်သမားတော်များကလည်း အစာအိမ်၊ အသည်းရောဂါ၊ ဆီးရောဂါနှင့် မျက်စိရောဂါနှင့် ငှက်ဖျားချွေးထုတ်ဆေးများအဖြစ် အသုံးပြုလာခဲ့ပါတယ်။
၆။ ဒီဆေးပင် အိန္ဒိယသမားတော်များကတော့ ချောင်းဆိုးပျောက်ဆေး၊ ဆီးရွှင်ဆေးနှင့် သံချဆေးအဖြစ် အသုံးပြုပါတယ်။
၇။ ဒီဆေးပင်ကို ကမ္ဘောဒီးယားသမားတော်များကတော့ ငှက်ဖျားရောဂါ၏ ကိုယ်ပူကျ ဆေး
အဖြစ် အသုံးပြုကြပါတယ်။
၈။ ဒီဆေးပင်ဟာ သွေးကျရောဂါကိုလည်း သက်သာစေ၍ သွေးသားကောင်းမွန် လာစေရန် အလွန်အစွမ်းထက်ပါတယ်။
၉။ ဒန္တသုခဆေးပင်၏ အစွမ်းအထက်ဆုံး ဆေးနည်းကတော့ မြွေဆိပ်ကို
ဖြေနိုင်ခြင်းပဲ ဖြစ်ပါတယ်။
မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့ အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊ အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၅ မိနစ်အတွက် အဆိပ်ပြေသွားပါသည်။
နယ်စွန်းနယ်ဖျားဒေသ၊ တောဒေသနှင့် မြွေပေါသည့် အရပ်ဒေသတို့မှာ နေထိုင်ကြသူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ်အသက်ကယ်ဆေးတစ်လက်ဖြစ်ပါသည်။
သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ဘုရားသုံးဆူမြို့ အလှပုံရိပ်များ
Thursday, August 20, 2015
အလွန်ဆေးစွမ်းထက်သော သဘာဝဆေးပင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment