FACEBOOK မှ SEARCH HISTORY များကို ဖျက်နည်း
Facebook က သင်ရှာဖွေထားတဲ့ Search History အားလုံးကို သိမ်း
ဆည်းပေးထားပါတယ်။ အဲဒီအ တွက် အရင်က ရှာဖွေထားတဲ့ ပို့စ်တစ်
ခုကို နောက်ပိုင်းမှာ ပြန်လည် ဖတ်ရှုချင်ရင် အဆင်ပြေ စေပါတယ်။
Facebook အတွက်လည်း သင်ရှာဖွေထားတဲ့ ဒေတာတွေကို ကြော်ညာ
ရှင်များထံ ရောင်းချပြီး ၀င်ငွေ ရရှိစေပါတယ်။ Facebook မှာ သင်ရှာ
ဖွေထားသမျှကို Only Me အနေနဲ့ သိမ်းပေးထားတဲ့အတွက် အခြားလူ
များက မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သင့်အကောင့်ကို အခြား
သူငယ်ချင်း၊ မိသားစုဝင်တွေက ၀င်ကြည့်တတ်ရင် သင့်ရဲ့ ရှာဖွေမှုများ
ကို မြင်တွေ့နိုင်ပါတယ်။ အဲဒီအတွက် Search History ထဲမှာ အခြားသူ
များ မမြင်စေချင်တာ ဒါမှမဟုတ် Search History တစ်ခုလုံးကို ဖျက်
ပစ်သင့်ပါတယ်။
ဒီလိုလုပ်ဖို့ Facebook Home Page ရဲ့ ညာဘက်ထိပ်ရှိ
Drop-Down Arrow ကို နှိပ်ပါ။ “ Activity Log” ကို နှိပ်ပါ။
ဘယ်ဘက်ခြမ်းမှ More ခလုတ်ကို နှိပ်ပါ။
Search ကို နှိပ်ပါ။
ရှာဖွေမှုများကို နေ့စွဲများနဲ့ ခွဲခြားပြသပေးထားပါတယ်။ ရှာဖွေမှုတစ်ခုကို
ဖျက်ဖို့အတွက် Block Icon ကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။
Confirmation Box ကျလာရင် Remove Search ခလုတ်ကို နှိပ်ပါ။
ရှာဖွေမှုအားလုံးကို ဖျက်ချင်ရင် စာမျက်နှာရဲ့ ထိပ်ဆုံးရှိ Clear Searches
ကို နှိပ်ပါ။
Confirmation Box ကျလာရင် Clear Searches ကိုနှိပ်ပါ။
သင့်ရဲ့ မိုဘိုင်းဖုန်း ၊ ကွန်ပြူတာကို သင့်ရဲ့ သူငယ်ချင်းများက မကြာခဏ
အသုံးပြုလေ့ရှိကြမှာပါ။ အဲဒီအတွက် သင့်ရဲ့ Search History များကို
အခြားသူများ မသိစေချင်ရင်တော့ အထက် ပါနည်း လမ်းကို အသုံးပြုပြီး
ဖျက်နိုင်ပါတယ်။
PDF ဖိုင်းမှာ ပုံလေးနှင့်တကွ ဖော်ပြပေးထားပါတယ်။
အောက်မှာဒေါင်းယူနိုင်ပါတယ်။
စာအုပ်လေးကိုဒီမှာယူပါ
မူရင်း..အိုင်တီလမ်းညွုန်
Monday, September 28, 2015
FACEBOOK မှ SEARCH HISTORY များကို ဖျက်နည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment