Facebook အကောင့် Password, Gmail အကောင့် Password တွေ
လူတိုင်း ရှိတယ်ဟုတ်။ကိုယ့်ဟာ ကိုယ်တော့ စိတ်ချရတယ် ထင်ကြတာပဲ။
ဒါပေမယ့် ကိုယ့် Password ကိုယ် ပြန်ဆန်း စစ်ကြည့်ကြပေါ့ဗျာ
အောက်မှာ ရေးထားတဲ့အတိုင်း။ ပြီးအောင်ဖတ်ပြီးရင် သင့် အကောင့်ကို
Hack ခံရဖို့ လွယ်လွယ်လေးဆိုတာ နားလည်လာမှာပါ။ ၂၀၁၂ တုန်းက
စစ်တမ်းတစ်ခု ကောက်ခဲ့ဖူးတယ်။
ပြီးတော့ Most Popular Password in 2012 ဆိုတဲ့ စာရင်းထွက်လာ
ပါတယ်။ သန်းနဲ့ချီတဲ့ Password တွေကို Hacker တွေဆီကနေစာရင်း
ကောက်ထားတာပါ။ အဲ့ဒီ စာရင်းမှာ အများဆုံးပါလာတာက တော့
“123456” , “123456789” , “welcome”, “password”, “welcome”
ဆိုတဲ့ စာသားတွေ၊ နံ ပါတ်တွေပါ...။ ကျွန်တော်လဲ အရင်က အဲ့ဒီ အုပ်စု
ထဲမှာ ပါဘူးတယ်ဗျ။ ကဲဗျာ အောက်ကအချက် တွေကြည့်ရအောင်။
(၁) Password ရဲ့လုံခြုံမှု အတိုင်းအတာကို မစစ်မိခြင်း (Strength)
Gmail အကောင့်တို့ Facebook အကောင့်တို့ဖွင့်တုန်းက တွေ့ဖူးမှာပေါ့။
Password Strength ဆိုတဲ့စာသားလေး။ အဲ့ဒါလေးက သင့် Password
ရဲ့ လုံခြုံမှု အတိုင်းအတာကိုပြပါတယ်။ ဒါကိုမှ မကြည့်မိဘူးဆိုရင် ကျနော်
စိတ်ချရတဲ့ Link လေးတစ်ခုပေးလိုက်ပါမယ်။ အဲ့ဒီမှာ ကိုယ့် Password
ရဲ့လုံခြုံမှု အတိုင်းအတာကို သွားရောက် တိုင်းတာနိုင်ပါတယ်။ http://www.passwordmeter.com/
(၂) Account အားလုံးအတွက် Password တစ်ခုတည်းသာ ထားရှိခြင်း
အဲ့ဒီဟာတော့ ကြောက်ဖို့ကောင်းပါတယ်။ ကျနော်တို့မှာ အနည်းဆုံး အ
ကောင့် ၂ခုတော့ ရှိမယ်ဗျာ။ Gmail နဲ့ Facebook။ တစ်ချို့ဆို Facebook
အကောင့် ၂ခု၊၃ခု။ Twitter သုံးတဲ့လူရှိကောင်း ရှိမယ်ဗျာ… အဲ့ဒါတွေ အ
ကုန်လုံးကို Password တစ်ခုတည်းထားတတ်တာ…တစ်ခုသာ Hack
ခံရလို့ကတော့ ရှိသမျှ အကုန် ပွဲသိမ်းဘဲ။ မတူအောင်ထားနိုင်ရင်တော့
အကောင်းဆုံးပေါ့။
(၃) Security Question
အကောင့်တစ်ခု Lock ကျတာပဲဖြစ်ဖြစ်၊ Hack တာပဲဖြစ်ဖြစ်၊ Password
မေ့တာပဲ ဖြစ်ဖြစ် Security Question တောင်းတတ်ပါတယ်။ Facebook
ဆိုရင်တော့ သူပေးထားတဲ့ Security ဟာ ၂ခါဖြေခွင့် မပေးပါဘူး။ Facebook
အသုံးပြုသူတွေအတွက် Security Question ဆိုတာ အ
သက်ပါပဲ။ တချို့ဆို Security Question ခံတောင်မခံထားတတ်ကြပါဘူး။
username ကိုသိနေပြီဆိုရင် facebook အကောင့်ဆိုတာ hack ဖို့လွယ်
လွယ်လေးပါ။ Security Question မခိုင်မာရင်ပေါ့။ Security Question
တွေကို ကိုယ်ပဲသိသာစေမယ့်ဟာမျိုးတွေ ထားသင့်ပါတယ်။
(၄) SpaceBar သုံးပါ
တချို့သော Site တွေနဲ့ programs တွေက Password အတွက်
Spacebar ကိုလက်မခံ တတ်ကြ ပါဘူး။ ဒါပေမယ့် သင့် Password
တွေကြားမှာ Space Bar ညှပ်သုံးခြင်းက ပိုမိုလုံခြုံစေပါတယ်။
(၅) တတ်နိုင်သလောက် Password ကိုရှည်ရှည်ထားပါ။
တချို့သော လုံခြုံရေး ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ပါ။ Character
အရေအတွက် ၁၂ မှ ၁၄ အထိရှိတတ်တဲ့ password တွေဟာ ထိုး
ဖောက်ရခက်တတ်ပါတယ်။ ရှည်လွန်းလို့ မေ့တော့လည်း ဒုက္ခ..
နိဂုံးချုပ် တစ်ခြား အရေးကြီးတဲ့ အချက်တစ်ချို့ကတော့ လူရှေ့မှာ
Password မရိုက်မိစေဖို့နဲ့၊ ကိုယ့်ရဲ့ အရေးကြီးတဲ့ အကောင့် -
ဥပမာ facebook username သုံးထားတဲ့ gmail တို့ကို လူသိပ်မ
သိစေတာ ပိုကောင်းပါတယ်။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ
စာအုပ်ဒေါင်းယူရန်.... ဒီမှာdownloadယူပါ
Credit to (it လမ်းညွုန်)
Monday, September 21, 2015
သင့်အကောင့်ရဲ့ Password တွေလုံခြုံရဲ့လား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment