တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလားး
စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင် ဒီသိပ္ပံနည်းကျနည်းလမ်းတွေကိုကြိုးစားသင့်ပါတယ်မိတ်ဆွေ
သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး(သုတ်လွှတ်မြန်နေပြီ)ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ကြုံနေရတဲ့ကိစ္စပါ ။
သုတ်လွှတ်မြန်တယ်( ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်)ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။
ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
အမျိုးသားတွေသတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့မဟုတ်ပါဘူး။ဆက်ဆံတဲ့ချစ်သူအမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။
Dr.Thomas J.Walshနဲ့ အခြားဆေးပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြခဲ့ကြပါတယ်။အဲ့ဒါတွေကတော့
၁။ကိုယ့်ကိုကိုယ်သိပါ
ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။အဲ့ဒီပြီးတော့မယ့်အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့ Dr.Emily Morseကပြောပါတယ်။Lotionဒါမှမဟုတ်ချောဆီတစ်ခုခုကိုအသုံးပြုပြီး ပြီးခါနီးအချိန်ကိုရောက်အောင်လေ့ကျင့်သင်တယ်လို့ Drက ထပ်ပြောပါတယ်။
၂။ညှစ်ခြင်း
ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါလို့ Dr.Ian Kernerကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ်ခဏလောက်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr.Walshက ထပ်ပြောပါတယ်။
၃။အမျိုးသမီးကို ဦးစားပေးပါ။
ပါးစပ်နဲ့။ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစာနိုင်ပါလိမ့်မယ်လို့ Dr.Kernerက ပြောပါတယ်။
၎။ထုံဆေးး
သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့စပရေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီးကတော့ အဲ့ဒီ့အာနိသင်ကို ခံစားရမှာမဟုတ်ပါဘူးလို့ Dr.Walshက ပြောပါသေးတယ်။Promescentဆိုတဲ့ဆေးနဲ့ သူ့လူနာတွေအဆင်ပြေတယ်လို့ Drက ပြောပါသေးတယ်။ဒါပေမယ့် သတိထားစရာတစ်ခုရှိပါတယ်။အာရုံခံနိုင်စွမ်းလျော့ကျတာနဲ့အမျှ လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကလည်း ကျလာတာကိုပါပဲ။
၅။ကွန်ဒုံး
တချို့ကုမ္ပဏီတွေက ပိုထူတဲ့ရာဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ပါတယ်။အဲ့ဒါတွေရဲ့ အာနိသင်ကတော့ ထုံဆေးတွေလိုပါပဲလို့ Dr.Morseကပြောပါတယ်။“Extended Pleasure””maximum performance”ဆိုတဲ့ စကားလုံးတွေပါတဲ့ ကွန်ဒုံးတွေကို ရွေးနိုင်ပါတယ်။
၆။စိတ်ကြွဆေးး
လိင်တံထောင်မတ်လာဖို့ စိတ်ကြွဆေးတွေသုံးကျပါတယ်။ဥရောပမှာတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ စိတ်ကြွဆေးတွေရှိပါတယ်။ဒါပေမယ့် စိတ်မချရပါဘူး။သုတ်လွှတ်မြန်တာကို ကုစားဖို့ စိတ်ကြွဆေးကို ကုထုံးတစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့ လွဲမှားတဲ့ကုထုံးတစ်ခုပါ။စိတ်ကြွဆေးတွေဟာ စိတ်ကျရောဂါ။စိတ်ကစဥ့်ကလျားဖြစ်စေတဲ့ရောဂါနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသေးတယ်။Dr.Walshကအကြံတစ်ခုပေးပါတယ်။စိတ်ကြွဆေးတွေသုံးမယ်ဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါတဲ့။
၇။ကျွမ်းကျင်သူတစ်ဦးကိုမေးပါ
အပေါ်က နည်းလမ်း၆ခုနဲ့ ကြိုးစားကြည့်ပြီး သုတ်လွှတ်မြန်တာကို ဖြေရှင်းလို့ မရရင်တော့ လိင်ရောဂါအထူးကုဆရာဝန်တစ်ယောက်နဲ့ပြကြည့်ပါလို့ အကြံပြုချင်ပါတယ်လို့ Dr.Walshက ပြောပါသေးတယ်။
Credit :Gentleman Magazine
Wednesday, January 20, 2016
သုတ်လွတ်မြန်ပြီဆိုရင် +18
Tuesday, January 19, 2016
Mp3 Mp4 သီချင်းတွေဒေါင်းယူနိုင်မယ့် မိုဘိုင်းApp
Mp3 သီချင်းနဲ့  Mp4 ဗီဒီယိုများကို ဒီထဲကနေအလွယ်တကူဒေါင်းလုတ်ဆွဲနိုင်ပါတယ်။
လိုအပ်မူရှိသူများတွက် အောက်မှာရယူနိုင်ပါတယ်။
Download Link
Credit..ဆော့ဒ်ဝဲလ် လမ်းညွုန်
စစ်တောင်းသားလေး
Friday, January 15, 2016
ဓာတ်ပုံပေါ်မှာ Design လှတဲ့စာတွေရေးချင်သူတွေတွက် Photo Talks v2.58 Apk
ဓာတ်ပုံပေါ်မှာ Design လှတဲ့စာတွေရေးချင်သူတွေတွက် Photo Talks v2.58 Apk
ဓာတ်ပုံပေါ်မှာ စာရေးချင်သူများတွက် အကောင်းဆုံးဆော့ဝဲလ်လေးတစ်ခုဖြစ်ပါတယ်။
စာရေးတဲ့နေရာမှာ ဒီဇိုင်းလှလှလေးတွေနဲ့ ရေးချင်သူတွေတွက်အဆင်ပြေပါတယ်။
လိုအပ်တယ်ဆိုရင်တော့ အောက်မှာDownload ရယူနိုင်ပါတယ်။
Download link
Credit..ဆော့ဒ်ဝဲလ် လမ်းညွုန် (အာကာ)
စစ်တောင်းသားလေး
Tuesday, January 5, 2016
ဖုန်းရဲ့screenဘယ်နေရာမဆိုပုံလေးပေါ်နေအောင်ထားမယ့် ဆော့ဒ်ဝဲလ်
မဂ်လာပါခင်ဗျာ
ခုကျနော်တင်ဆတ်ပေးလိုက်တဲ့ဆော့ဒ်ဝဲလ်လေးကတော့ ကျနော်ကိုယ်တိုင် ကလိထားတဲ့ မိမိတို့ရဲ့ ဖုန်းscreenဘယ်နေမဆို မိမိတို့ပုံလေးအလှထားရနိုင်စေမယ့် ဆော့ဒ်ဝဲလ် လေးတခုဖြစ်ပါတယ်...
အသုံးပြုပုံလည်းမခက်ခဲပါဘူးခင်ဗျ
ဆော့ဒ်ဝဲလ် ကိုdownloadယူပြီးinstallလုပ်ပါ
ပြီးရင်ဆော့ဒ်ဝဲလ်အားဖွင့်လိုက်ပါ
မြန်မာမှူပြုထားတာမို့ စာလေးတွေဖတ်ပြီး လိုသလို ပြုလုပ်ယူပါ သူ့မှာsaveမပါလာပါဘူး မိမိတို့ စိတ်ကြိုက်ဖြစ်ပါက ဘက်ကီး နဲ့ ပြန်ထွက်ထွက်လိုက်ပါ
ခဏကြာရင် screenမှာ ပုံလေးပေါ်လာပါလိမ်မည် ဖြစ်ပါသည်...
နမူနာကိုအောက်က screen shotလေးနဲ့ပြထားပါတယ် ကြိုက်ရင်တော့ ဒေါင်းယူ သွားနိုင်ပါတယ်ခင်ဗျာ...
Download link
အဆင်ပြေပါစေဗျာ
စစ်တောင်းလေး
Monday, January 4, 2016
Wi-Fi Direct နဲ့ ဖိုင်တွေအမြန်ပို့ကြမယ်..
မဂ်လာပါ
ခုကျနော် တင်ဆတ်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ မိမိတို့ ဖုန်းထဲမှာရှိတဲ့ ဖိုင်အမျိုးမျိုး သီချင်း/ဗီဒီယို တို့ကို အရင်က သိထားကျတာကတော့ Blouetooth နဲ့အသုံးပြုချင်းကိုသာ လူအများသိထားမှာဖြစ်ပါတယ် နောက်တခါမှာတော့ zapyaနဲ့အသုံးပြုချင်းကိုလည်း ထပ်မံသိရှိသူများလည်းရှိကြပြီဖြစ်ပါတယ် ခုပြပေးတဲ့ နည်းလမ်းလေးကတော့ Bluetooth ထက်အစပေါင်းမျာစွာမြန်ဆန်ပြီးzapyaလိုလည်းဆော့ဒ်ဝဲလ်သုံးစရာ မလိုပဲနဲ့ ဖုန်းထဲမှာ ရှိပြီးသား Wi fi Directနဲ့အလျင်မြန်စွာ ကူယူနိုင်မှာဖြစ်ပါတယ် အဲ အားနည်းချက်ကတော့ sdကဒ်ထဲ မန်မိုရီထဲက ဖိုင်တွေကိုသာ ကူးယူလို့ရနိုင်မှာဖြစ်ပါတယ်
အသုံးပြုနည်းက မခက်ခဲလှပါဘူး Bluetoothအသုံးပြုပုံနဲ့အတူတူပါပဲ ဖုန်းနှစ်လုံးကို အရင်ချိတ်ဆတ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်
အောက်ကပုံလေးတွေနဲ့ လေ့လာကြည့်လိုက်ပါ
(လုံးဝမသိသေးတဲ့သူတွေအတွက် သာ တင်ပြခြင်းဖြစ်ပါတယ်)
......အဆင်ပြေကြပါစေခင်ဗျာ....
......စစ်တောင်းသားလေး ....