ငှက်ပျောသီးက နေစဉ်စားသုံးတဲ့ အစားအစာထဲ နံပါတ်တစ်နေရာမှာ ပါဝင်သင့်ပါတယ်။ ငှက်ပျောသီးက ကိုယ်အလေးချိန်အတွက် ကောင်းမွန်ပြီး ခွန်အားတွေ ဖြစ်တယ်။ သွေးအချိုဓာတ်ပမာဏ ပုံမှန်ဖြစ်စေပြီး စိတ်ပျော်ရွှင်မှုလည်း ရရှိစေပါတယ်။ ငှက်ပျောသီး နေ့တိုင်းစားသုံးသင့်တဲ့ အကြောင်းရင်းမြောက်များစွာရှိပါတယ်။
ငှက်ပျောသီးကို မကြာခဏ မစားသုံးဖူးဘူးဆိုရင် စမ်းသပ်မှုလေးတစ်ခု ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ ငှက်ပျောသီး (၂) လုံး (၁) လကြာ စမ်းသပ် စားသုံးကြည့်ပါ။ မကြာသေးမီက သိပ္ပံနည်းကျ သုတေသနပြုချက်အရ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးများ သတိပြုမိလာမယ် ဖြစ်ကြောင်း သိရပါတယ်။
ဆံပင်အရင်း၊ အမြစ် ကျန်းမာသန်စွမ်းလာမယ်။ အသားရေ သိသိသာသာ နူးညံ့ပျော့ပျောင်းပြီး တင်းရင်းလာစေမယ်။ မဂ္ဂနီစီယမ်ပမာဏမြင့်မားမှုကြောင့် ဝက်ခြံဖြစ်ပေါ်မှု လျော့နည်းလာပါလိမ့်မယ်။ဝမ်းချုပ်တတ် တဲ့ပြသနာရှိပါက အစာအိမ်ဗလာဖြစ်နေစဉ် သံပုယိုရည်တစ်ခွက်သောက်ပြီး ငှက်ပျောသီးတစ်လုံးစားပေးပါ။ ခဏအကြာမှာ သိသိသာသာ သက်သာကောင်းမွန်လာတာ တွေ့ရပါလိမ့်မယ်။
ဗိုင်းရပ်စ်ပိုးကြောင့် နာကျင်ကိုက်ခဲမှုဝေဒနာခံစားရပါက မမှည့်တမှည့်ငှက်ပျောသီးလေးတစ်လုံး စားပေးဖို့ အကြံပြုထားပါတယ်။
Credit :Trend Myanmar
စစ်တောင်းသားလေး
Wednesday, November 11, 2015
ငှက်ပျောသီး တစ်နေ့ (၁) လုံးစားခြင်းဖြင့် မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment